ဆွေမျိုး၏ ရှင်ပြုပွဲသွားသည့် စက်လှေ အင်ဂျင်မီးလောင်၍ အမျိုးသမီး(၄)ဦးသေဆုံးပြီး ကလေး(၂)ဦးပျောက်ဆုံးနေ

ဆွေမျိုး၏ ရှင်ပြုပွဲသွားသည့် စက်လှေ အင်ဂျင်မီးလောင်၍ အမျိုးသမီး(၄)ဦးသေဆုံးပြီး ကလေး(၂)ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့မှ ကျောက်ဖြူမြို့နယ်၊ ဦးကင်းကျေးရွာအုပ်စု၊ ကလဘာတောင်ကျေးရွာရှိ ဆွေမျိုးတော်စပ်သူ၏ ရှင်ပြုပွဲသို့သွားသော စက်လှေ မတ်လ ၁၇ရက် နေ့လည်(၁း၃၀)နာရီတွင် အင်ဂျင်မီးလောင်၍ အမျိုးသမီး(၄)ဦးသေဆုံးပြီးကလေး(၂)ဦးပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။

ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုလဘာတောင်ကျေးရွာမှ ဦးစံထွန်းကျော် ပိုင်ဆိုင်သော စက်လှေသည် ငလပွေ့ဆိပ်ကမ်းမှ ဦးကင်းကျေးရွာအုပ်စု၊ ကလဘာတောင်ကျေးရွာ အလှူပွဲသို့သွားရာ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးအရောက်တွင် စက်လှေအင်ဂျင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။

‘‘ ဆွေမျိုး ရှင်ပြုပွဲကို သွာတဲ့ စက်လှေပါ။ အင်ဂျင်မီးလောင်လို့သေတာလို့သိရတယ်။ အမျိုးသမီး(၄)ဦးသေပါတယ်။ ကလေး(၂)ဦး ပျောက်နေတယ်။ ရှာလို့မရသေးဘူး’’ဟု ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ဦးဘမောင်ဦး မောင်းနှင်လာသော ၎င်းစက်လှေတွင် စီးနင်းလိုက်ပါလာသူ ကျား(၇)ဦး မ(၈)ဦး စုစုပေါင်း(၁၅)ဦးအနက် စေတီတောင်ရပ်ကွက်တွင် နေထိုင်သူ မအောင်မေတင်၊ မအေးသန်းမြင့်၊ မခင်မေသန်း၊ မစန္ဒာနွေ တို့(၄)ဦးမှာ သေဆုံးသွားပြီး မောင်ဖြိုးမင်းပိုင်နှင့် မောင်ထွန်းစေ့ကေတို့မှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အသက်ရှင်ကျန်ရစ်သူ (၉)ဦးအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကယ်တင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...