မောင်တောတွင် နိုင်ငံသားကဒ် ထုတ်ပေးနေမှုအပေါ် ဂျပန်ရောက် ရခိုင်များကန့်ကွက်ဆန္ဒပြ

မောင်တောတွင် နိုင်ငံသားကဒ် ထုတ်ပေးနေမှုအပေါ် ဂျပန်ရောက် ရခိုင်များကန့်ကွက်ဆန္ဒပြ
by -
နိရဥ္စရာ
မောင်တောခရိုင်တွင် ဘင်္ဂလီများ လူမျိုးအား တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် သေချာစိစစ်ခြင်း မပြုလုပ်ဘဲ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ထုပ်ပေးနေသည်ဟု ဆိုကာ ဂျပန်ရောက် ရခိုင်အသိုင်းအဝိုင်းက ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် ယခုလ ၁၅ ရက်နေ့က ဆန္ဒပြကန့်ကွက် ခဲ့သည်။

ဆန္ဒပြပွဲတွင် လူဦးရေ ၃၀ ခန့် ပါ၀င်ပြီး နိုင်ငံသား စိစစ်မှု ပြုလုပ်ရာတွင် တည်ဆဲ ဥပဒေများနှင့် အညီ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဦးဆောင်သူ ကိုသော်ဇင်ဖြိုးမှ ဆန္ဒဖော်ထုတ်ရခြင်းမှာ ခိုးဝင်ဘင်္ဂလီများကို ဥပဒေနှင့်အညီ ကိုယ်တွယ် ဖြေရှင်းပေးရေး၊ ၁၉၈၂ ဥပဒေကိုချိုးဖောက်ပြီး နိုင်ငံသားကဒ်ထုတ်ပေးနေသည့် ပြည်နယ် လဝကမှူး ဦးဝင်းလွှင်နှင့် ချိုးဖောက်သူ အားလုံးကို တိကျစွာအရေးယူဆောင်ရွက်ပေးရေး တို့အတွက်ဖြစ်ကြောင်း နိရဥ္စရာသို့ ဆက်သွယ်ပြောဆိုသည်။

“လက်ရှိ ပြည်ထောင်စုအစိုးရအပါအဝင် ဟိုယခင်အစိုးရအဆက်ဆက်ဟာ ရခိုင်ပြည်သူတွေကို ခိုးဝင် ဘင်္ဂလီတွေနဲ့ မဖြစ်ဖြစ်အောင်သွယ်ဝိုက်တဲ့နည်းနဲ့ ရန်တိုက်ပေးနေတဲ့ သဘောရှိပါတယ်။ လဝက အနေနဲ့လည်း ခုလို လုပ်ကိုင်ခြင်းဟာ ပိုပြီးတော့ ရန်တိုက်ကာ မီးမွှေးနေတာလို့ မြင်ပါတယ်” ဟု ကိုသော်ဇင်ဖြိုးက ဆက်ပြောသည်။

ရခိုင်ပြည်သူဒေသခံတိုင်းရင်းသားများ မကြိုက်သည့် လုပ်ရပ်များအား လုပ်ကိုင်နေခြင်းမှာ လူမျိုးကြီးဝါဒ ဆန်လွန်ကြောင်းလည်း ပြောဆိုသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒဖော်ထုပ်ပွဲကို ဂျပန်စံတော်ချိန် ၃ နာရီမှာ ၄ နာရီထိ ၁ နာရီကြာပြုလုပ်ခဲ့ပြီး ၁၉၈၂ မြန်မာနိုင်ငံ ဥပဒေကို တိကျစွာဆောင်ရွက်ပေးရေး၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ချိုးဖောက်သူများအား အရေးယူဆောင်ရွက်ပေးရေး၊ ခိုးဝင်ဘင်္ဂလီများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုနေမှူ (ချက်ချင်းရပ်) စသည့် အချက်များတောင်းဆိုခဲ့ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...