ရန်ကုန်မှ သံတွဲသို့ လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ဝင်လာသူ ၇ ဦးကို ဖမ်းဆီးရမိ

ရန်ကုန်မှ သံတွဲသို့ လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ဝင်လာသူ ၇ ဦးကို ဖမ်းဆီးရမိ

မျိုးမြင့်ဇော် — ရန်ကုန်မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ဝင်ရောက်လာသူ (၇)ဦးကို စက်တင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သံတွဲခရိုင် ကိုဗစ်ကော်မတီမှ သိရသည်။

ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါသည့် လူနာတင်ယာဉ်ကိုအသုံးပြုကာ ယင်းသို့ဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုအထောက်အထားမဲ့ဝင်လာသူ ၇ ဦးသည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်သို့ လာရောက်ခြင်း ဖြစ်ကာ ယာဉ်စီးနင်းခအဖြစ် တစ်ဦးလျှင်ငွေခုနှစ်သောင်းကျပ်ပေးဆောင်၍ လာရောက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သံတွဲမြို့ ယာဉ်လိုင်များကြီးကြပ်ရေး ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က ပြောသည်။

ယင်းသို့ လူနာတင်ယာဉ်ဖြင့် သံတွဲမြို့နယ်အတွင်းဝင်ရောက်နေသည်မှာ ယခုတစ်ကြိမ်ဆိုပါက သုံးကြိမ်ရှိပြီဟု သိရကြောင်းလည်း ဦးထွန်းသန့်ကျော်က ဆိုသည်။

“AMBULANCE တံဆိပ်နဲ့ မီးတွေဖွင့်လာတဲ့အခါကျတော့ အရေးပေါ်လူနာပါလားဆိုပြီးတော့ ဂိတ်တွေက မတား ဘူးပေါ့။ သံတွဲဂိတ်ကိုရောက်တော့ ခရိုင်ကိုဗစ်ကော်မတီက စည်းကမ်းတင်းကျပ်ထားတော့ ဖမ်းစစ်တော့ မိတာပေါ့၊ စစ်ဆေးကြည့်တော့ ဒီတစ်ကြိမ်နဲ့ဆို ၃ခေါက်ရှိပြီလို့ပြောတယ်” ၎င်းကဆိုသည်။

လက်ရှိမှာ ဖမ်းမိထားသူ ၇ ဦးကို ငပလီမြို၊ စောင့်ကြည့်ရေးစင်တာတွင် အကျယ်ချုပ်ထိန်းသိမ်းထားပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဦးထွန်းသန့်ကျော်က ဆက်ပြောသည်။

သံတွဲမြို့မစခန်းမှူး ရဲအုပ်ရဲမင်းစိုးက “ဘေးစီမံဥပဒေနဲ့အရေးယူဖို့စီစဉ်နေပါတယ်။ သူတို့ကို ငပလီ Q စင်တာမှာ ထားတယ်ဆိုတာမှန်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်မားလာနေသဖြင့် ရခိုင်မှ မြို့နယ်တိုင်းအား Stay home တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကကြေငြာထားပြီး တစ်မြို့နယ်နှင့် တစ်မြို့နယ် သွားလာမှုများကိုလည်း ကန့်သတ်ထားရှိသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...