ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၃ ဦးအား ဖမ်းဆီးထားခြင်းကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဆန္ဒဖော်ထုတ်

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၃ ဦးအား ဖမ်းဆီးထားခြင်းကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဆန္ဒဖော်ထုတ်

အောင်ထိန် — ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၃ ဦးအား ဖမ်းဆီးထားခြင်းကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်း၌ ခိုလှုံနေကြသော ဒုက္ခသည်တို့သည် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အမှန်တရားကို ဖော်ထုတ်ခဲ့သည့် ရခိုင်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများနှင့်အတူ မွတ်ဆလင် ကျောင်းသားများအတူ ရပ်တည်ကြောင်းကိုပြသလို၍ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း မွတ်ဆလင် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုမောင်ကျော်မင်းက ပြောသည်။

“ရခိုင်ပြည်ကျောင်းသားတွေဟာ အမှန်တရားအပေါ် ရပ်တည်နေတဲ့သူတွေဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော် တို့လည်း သူတို့နဲ့အတူရပ်တည်ကြောင်း ရည်ရွယ်ချက်နဲ့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဆန္ဒဖော်ထုတ်ရာ၌ “မတရားဖမ်းဆီးခံကျောင်းသားသုံးဦးအား အမြန်ဆုံးလွှတ်ပေးရေး၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ရခိုင်ကျောင်းသားသမဂ္ဂနှင့်အတူရပ်တူကြ” စသည်ဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ ကျောင်းသားများဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး မွတ်ဆလင်ကျောင်းသားများအပါအဝင် ဒုက္ခသည်စခန်းမှ လူပေါင်း ၅၀ ခန့်က ပူးပေါင်းဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ကျောင်းသားသုံးဦးမှာ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့စဉ်ဖမ်းဆီးခံရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အမှုဖွင့်ကာ ချုပ်နှောင်ခံထားရသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာ စသည့်မြို့နယ်တို့တွင်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှဦးဆောင်ပြီး ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမှုဖွင့်ခံထားရသည်။

လက်ရှိအချိန်၌ ကျောင်းသား ၂၀ ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ အပါအဝင် ပုဒ်မ အသီးသီးဖြင့် အစိုးရက အမှုဖွင့်ထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...