ရခိုင်က မြို့နယ်ရှစ်ခုရှိ Quarataine Center များတွင် WFP က စားနပ်ရိက္ခာများ ထောက်ပံ့မည်

ရခိုင်က မြို့နယ်ရှစ်ခုရှိ Quarataine Center များတွင် WFP က စားနပ်ရိက္ခာများ ထောက်ပံ့မည်

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၈)ခုရှိ ကိုဗစ်ရောဂါအသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် Quarataine center များတွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ လိုအပ်သည့်စားနပ်ရိက္ခာများကို ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ထောက်ပံ့နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရနှင့် WFP တို့မှ စက်တင်ဘာလ ၁၅ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေရသူများအတွက် စားနပ်ရိက္ခာများကို တစ်ရက်လျှင် သုံးနပ်စာထောက်ပံ့သွားမည်ကြောင်း WFP မှ ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးသက်ဦးလွင်က DMG သို့ ပြောသည်။

“ကျွန်တော်တို့ ဒီအပတ်ကနေစပြီးတော့ စားနပ်ရိက္ခာတွေထောက်ပံ့သွားမယ်။ ကျွန်တော်တို့ ထောက်ပံ့သွားမှာကတော့ ပြည်တွင်းအဖွဲ့အစည်းတွေ၊ စေတနာဝန်ထမ်းတွေနဲ့ တွဲပြီးတော့ထောက်ပံ့သွားမယ်။ ပေးတဲ့အခါ ကျတော့ ရခိုင်ပြည်နယ်အစိုးရနဲ့ WFP နဲ့ကတွဲပြီးတော့ အမြဲတမ်းပါနေမယ်”ဟု ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကိုတားဆီးနိုင်ရန်အတွက် ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ ဆက်ဆံမှုရှိသူများကို ခြေရာခံခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကိန်းဂဏန်းများအရ ပြည်နယ်တစ်ဝှမ်း လူဦးရေ ၁,၅၀၀ ဝန်းကျင်သည် နိုင်ငံတော်အစိုးရကစီစဉ်ထားသည့် စောင့်ကြည့်ရေးစင်တာများတွင် အသွားအလာ ကန့်သတ်မှုခံယူနေကြကြောင်း WFP က ထုတ်ပြန်ထားသည်။

စားနပ်ရိက္ခာအထောက်အပံ့များကို ယခုလစက်တင်ဘာလအတွင်း ကျောက်ဖြူ၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် အမ်းမြို့နယ်များရှိ ကော်ရီတင်းစင်တာများတွင် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ‌ရော မြန်မာနိုင်ငံရဲ့တခြားဒေသတွေမှာပါ စားနပ်ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေး နိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ အကူအညီလိုအပ်သ၍ အခုထက်ပိုပြီး ပါဝင် ကူညီပေးနိုင်ဖို့ ကျွန်တော်တို့အဆင်သင့်ပါပဲ” ဟု Mr. Stephen Anderson က ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက“ကျွန်တော်တို့အနေနဲ့ WFP ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ အပေါ် ထောက်ပံ့ကူညီမှု များကို အသိအမှတ်ပြုပါတယ် ”ဟုပြောကြောင်း ထုတ်ပြန်ချက်ပါတွင်ပါရှိသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...