တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့သည့် ပလက်ဝဒေသခံအချို့ ရိုက်နှက်ဒဏ်ရာများကြောင့် ဆေးကုသနေရ

တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့သည့် ပလက်ဝဒေသခံအချို့ ရိုက်နှက်ဒဏ်ရာများကြောင့် ဆေးကုသနေရ

နှင်းနွယ် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ အမျိုးသား၊ အမျိုးသမီး ၄၁ ဦးတို့အား တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင်ပြန်လွှတ်ပေးခဲ့ရာ စစ်ဆေးခံရသူများထဲမှ အမျိုးသားအချို့မှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူခဲ့ရသည်ဟု မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ပလက်ဝဒေသခံများမှာ စက်တင်ဘာလ ၉ ရက်နေ့က ကျောက်တော်မြိုသို့သွားလမ်းရှိ ရေတင်းခွန်ကျေးရွာဘက်မှ ပစ္စည်းများအငှားထမ်းပြီး ညနေ ၅ နာရီခန့်တွင် ပြန်လာစဉ် တပ်မတော်သားများနှင့်တွေ့ကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ ကိုမောင်ထွန်းဝင်းက ၎င်းတို့ဖမ်းဆီးပြီး ရုပ်ချောင်းရွာတောင်ကုန်း၌သို့ ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ အဆိုပါနေရာသို့ ရောက်သည်နှင့် မျက်လုံးအား အဝတ်စဖြင့်စည်းကာ အမျိုးသားများကို ရိုက်နှက်စစ်ဆေးခဲ့ကြောင်း DMG သို့ ပြောသည်။

“သူတို့(တပ်မတော်)က ကျနော်တို့အားလုံးကို ကြိုးတုပ်ပြီးတော့ ပလုတ်တောင်းချောင်းကနေပြီး စက်လှေနဲ့တင်လာတယ်။ တပ်ရင်းကိုရောက်တော့မျက်နှာစည်းပြီး AA အဖွဲ့ကို ထောက်ပံ့တာတွေရှိလား ဆိုပြီးမေးတယ်။ မရှိပါဘူး၊ မထောက်ပံ့ပါဘူးပြောရင် သေနတ်ဘောင်တွေနဲ့ထုတယ်။ ရိုက်တယ်’’ ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့၌အိမ်ထောင်ကျနေသည့် စစ်ကိုင်းတိုင်း၊ မော်လိပ်မြို့နယ်မှ အင်းတပေါင်းကျေးရွာသားတစ်ဦးဖြစ်သည့် ကိုမျိုးဝင်းသူက ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများကို ဖမ်းဆီးမှုများ မလုပ်သင့်ကြောင်း ပြောသည်။

“ကျနော်တို့အကုန်လုံးကို မိုးချုပ်တာနဲ့ရိုက်တော့တာပဲ။ AA အဖွဲ့နဲ့တွေ့လားဆိုပြီး မေးမြန်းတယ်။ ထိုးတယ်။ ကြိတ်တယ်။ သေနတ်ဘောင်တွေနဲ့ထုတယ်။ ကျနော်တို့က ရိုးရိုးသားသားဝန်ထမ်းပြီးတော့ စားသောက်နေတာပါ။ အခုလို မရှိဆင်းရဲသားကို ဖမ်းဆီးရိုက်နှက်တာတော့ မကောင်းပါဘူး’’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရသူ ၄၁ ဦးထဲတွင် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးခေါ်ဆောင်ခံရချိန်တွင် စိုးရိမ်ကြောက်လန့်နေခဲ့ရသည်ဟု ဖမ်းဆီးခံခဲ့ရသူများထဲမှ မဦးကျော့စိန်က ပြောသည်။

“ကျမတို့မိန်းမတွေကိုတော့ ယောကျာ်းတွေနဲ့ သီးခြားထားတယ်။ ပြီးတော့ AA တွေနဲ့တွေ့လားဆိုပြီးမေးမြန်းတယ်။ ပြီးတော့ ကျမကို အပျိုလား၊ အိမ်ထောင်ရှိလားဆိုပြီးမေးတယ်။ ရိုက်နှက်တာတော့မရှိဘူး။ ဒါပေမယ့် ယောကျာ်းတွေကို ရိုက်နေတာကိုကြားရတော့ ကျမတို့မိန်းမသားတွေလည်း ကြောက်ပြီးငိုတယ်။ အရိုက်ခံရတဲ့ထဲမှာ ကျမမောင်လေးလည်းပါတော့ ပိုကြောက်ပြီးတော့ ငိုတာပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများ အားလုံးလွတ်မြောက်လာသော်လည်း ယင်းထဲမှအမျိုးသားများမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်သူများ၊ သွေးအန်သူများလည်း ရှိသည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း ဖမ်းဆီးခံခဲ့ရသူ ကိုမောင်ထွန်းဝင်း၏ အစ်ကိုဖြစ်သူ ဦးအောင်အောင်ကပြောသည်။

“ကျနော့်ညီဆိုရင် သွေးအန်တဲ့အတွက် ဆေးရုံကိုသွားပြရတယ်။ ဆရာဝန်ကြီးကတော့ ဆေးတစ်လုံးထိုးပြီး သောက်ဆေးတွေပေးလိုက်တယ်။ အဲဒီဆေးကိုသောက်ပြီး ဘယ်လိုသက်သာမလဲ။ ဒီလောက်မထနိုင်၊ မထိုင်နိုင်အောင်အထိ ဖြစ်သွားတာကို။ ဒါပေမယ့် သူတို့က အငှားထမ်းပြီး စားသောက်နေရတာဆိုတော့ ဆေးရုံတက်ဖို့ ငွေမရှိဘူး။ အခမဲ့ကုပေးမယ့်လူလည်းမရှိတော့ အိမ်ကိုပဲပြန်ခေါ်လာရတယ်” ဟု ဦးဦးအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းကလည်း ပစ္စည်းအငှားသွားထမ်းသည့် ဒေသခံ ၆၀ ကျော်မှာလည်း ရေတင်းခွန်ကျေးရွာအနီးတွင် ဖမ်းဆီးစစ်ဆေးခံရပြီး ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...