မန္တလေး၌ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖမ်းဆီးခံထားရ

မန္တလေး၌ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖမ်းဆီးခံထားရ

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် တာဝန်ရှိသူထံမှ သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမျိုးချစ်ဇော်(ခ)ကိုဘချစ်ကို စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် ရဲအင်အား ၁၀ ဦးခန့်က စစ်ဆေးမေးမြန်းစရာရှိသည်ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထူးခန့်သော်က ပြောသည်။

ယင်းသို့ စစ်ဆေးမေးမြန်းပြီးနောက် ခံဝန်ထိုးခိုင်းရာ ကိုမျိုးချစ်ဇော်မှ ငြင်းပယ်ခဲ့သဖြင့် အချုပ်သားအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ကိုထူးခန့်သော်က ဆိုသည်။

“သူကို ခံဝန်ထိုးခိုင်းတယ်။ ခံဝန်ထိုးရင်လွှတ်ပေးမယ်ပုံမျိုးပေါ့။ အဲလိုမျိုး ခံဝန်ထိုးခိုင်းတဲ့အချိန်မှာ ကျွန်တော်တို့က ဗကသကျောင်းသားတွေဖြစ်တဲ့အတွက် ငြိမ်းစုစီဥပဒေကို ခံဝန်ထိုးမှာမဟုတ်ဘူး။ သူကခံဝန်မထိုးတဲ့အတွက် သူ့ကိုဖမ်းထားတယ်ပေါ့။ ရမန်ယူပြီးလို့ရှိရင်တော့ အမှုရင်ဆိုင်ရမယ်ထင်တယ်”ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ ဖက်ဆစ်လူသတ်စစ်တပ် အလိုမရှိ၊ ရခိုင်နဲ့ချင်းပြည်နယ်မှာ 4G အင်တာနက် အမြန်ဆုံး ဖွင့်ပေးရေး” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကျောင်းသားများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိဖမ်းဆီးခံထားရသည့် ကိုမျိုးချစ်ဇော်ကို မန္တလေးမြို့၊ အမှတ်(၆)ရဲစခန်းတွင် ထိန်းသိမ်းထားကာ ငြိမ်းစုစီ ပုဒ်မ-၁၉ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်လည်း ထပ်မံစွဲဆိုထားပြီး မည်သည့်ပုဒ်မ တပ်ထားသည်ကို မသိရှိရသေးကြောင်း ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထူးခန့်သော်ကပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် စုစုပေါင်းကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း ဗကသများအဖွဲ့ချုပ်ထံမှသိရသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှဝေဖန်ထောက်ခြင်း မရှိဘူးဆိုတဲ့သဘောပါပဲ။ အဲတော့ အခုအနေ အထားမှာလည်း မနေ့ကဆန္ဒပြခဲ့တဲ့ ကျောင်းသားဆယ့်သုံးဦးလုံးကို အမှုဖွင့်ထားတယ်။ ဒီဟာက ဖြစ်သင့်တဲ့ ကိစ္စလို့ ကျွန်တော်တို့မထင်ဘူး။ ကျွန်တော်တို့က မြေပြင်အခြေအနေတွေမှာ တကယ်ဖြစ်နေတာတွေကို ထောက်ပြတာဖြစ်တယ်”ဟု ကိုထူးခန့်သော်ကဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်း သားသမဂ္ဂမှ ကျောင်းသားသုံးဦးကိုဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...