ကျောက်တော်တွင် ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန်ဆိုင်ခန်း ၄ ခန်း မီးလောင်၊ ကျပ် သိန်း

ကျောက်တော်တွင် ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန်ဆိုင်ခန်း ၄ ခန်း မီးလောင်၊ ကျပ် သိန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ရှိ စက်သုံးဆီအရောင်းဆိုင်တန်းတွင် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က စတင် မီးလောင်မှုဖြစ််ပွားခဲ့ရာ ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန် ဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်း သွားခဲ့သည်ဟု ကျောက်တော်မြို့နယ် ရဲမှူးက ပြောသည်။

nrj1601မီးလောင်ကျွမ်းရာတွင် ဆီဆိုင်၄၁ ဆိုင်နှင့် အတူ လဘက်ရည်ဆိုင် ၂ ဆိုင်၊ ကားဝပ်ရှော့ တစ်ခု အပါအဝင် ဆိုင်ကယ်ဝပ်ရှော့နှင့် အပိုင်ပစ္စည်းဆိုင် တစ်ဆိုင်တို့ပါ၀င်သွားခဲ့သည်။

” ဆုံးရှုံးပမာဏက ကျပ်သိန်း ၄၉၀၀ ဖိုးရှိပါတယ်။ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ စလောင်ပါတယ်။ ၈ နာရီခွဲမှာ မီးညွှန့်ကျိုးပါတယ်။ ၉ နာရီ ၁၅ မိနစ် မှာ အပြီးသတ် မီးငြိမ်းသတ်နိုင်ပါတယ်” ဟု မြို့နယ် ရဲမှူးက နိရဥ္စရာသို့ ပြောဆိုသည်။

မီးသည် ဆီဘောက်ဆာမှတစ်ဆင့် ဆီထည့်ရာမှ ဆီပီပါ ပေါက်ကွဲလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်ပိုင်ရှင်မှာ ကျောက်တော် ဒေသခံ ဦးထွန်းမြင့် ဖြစ်ကြောင်း၊ သူ့အား မီးပေါ့ဆမှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ရဲမှူးက ပြောဆိုသည်။

“ မီးငြိမ်းသတ်တာကတော့ ကျောက်တော်မှ မီးသတ်ကား ၂ စီး၊ မြောက်ဦးမြို့မှ မီးသတ်ကား ၃ စီး၊ ရဲတပ်ဖွဲ့အင်အား ၅၀ ၊ မီးသတ်အင်အား ၃၀၊ တပ်မတော်အင်အား ၄၅၀၊ ပြည်သူတွေအင်အားနဲ့ ၀ုိင်းဝန်း မီးငြိမ်းသတ်ခဲ့ရပါတယ်” ဟု ပြောဆိုသည်။

မီးလောင်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

မီးလောင်ရာသို့ ည ၉ နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူ လူကြီးများလည်း ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...