ချင်းပြည်နယ် စည်ပင်ဝန်ကြီးလိုက်ပါလာသည့် စက်လှေကို ပစ်ခတ်ခံရကြောင်းပြော

ချင်းပြည်နယ် စည်ပင်ဝန်ကြီးလိုက်ပါလာသည့် စက်လှေကို ပစ်ခတ်ခံရကြောင်းပြော

ဉာဏ်ဟိန်း — ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဦးစိုးထက် စီးနင်းလိုက်ပါလာသည့် စက်လှေအား စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အေအေအဖွဲ့က လက်နက်များဖြင့် အနည်းဆုံး ၁၁ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း ခူမီချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က သတင်းထုတ်ပြန်ထားသည်။

ဦးစိုးထက်မှာ ရွေးကောက်ပွဲမဲဆွယ်ကာလအတွက် ပလက်ဝမြို့တွင်ရောက်ရှိနေခြင်းဖြစ်ပြီး စက်လှေသည် ကုလားတန်မြစ်အနောက်ဘက်ကမ်းရှိ ပလက်ဝမြို့ဆိပ်ကမ်းမှထွက်ခွာပြီး မြစ်အရှေ့ဘက်ကမ်းသို့ကူးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပစ်ခတ်မှုကြောင့် လူအထိအခိုက်မရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်မှသိရသည်။

ဝန်ကြီးဦးစိုးထက်က “ဒီနေ့နေလည်ပိုင်းက ကျွန်တော်အပါအဝင် ပြည်နယ်အဆင့်အကြီးကဲတွေက ပလက်ဝ မြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စက်လှေနဲ့သွားတော့ လမ်းမှာအပစ်ခံရတာ။ စက်လှေမှာပါတာကတော့ လူ(၁၀) ကျော်ပါတယ်။ ဒဏ်ရာရတာတော့မရှိဘူး။ ပစ်တာကတော့ AA အဖွဲ့ကပစ်တာပါ။ အခုတော့ ပလက်ဝကို ရောက်ပါပြီ” ဟု DMG သို့ ပြောသည်။

နေလည် ၁ နာရီကျော်တွင် ပလက်ဝဒေသအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ နာရီခွဲအကြာ တိုက်ပွဲဖြစ်ပွားမူများရှိခဲ့ကြောင်း ဝန်ကြီးဦးစိုးထက်က ဆက်ပြောသည်။

ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းမှုကို ဥပဒေအရတားမြစ်ထားသဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး AA ၏ တုန့်ပြန်ချက်ကို မရရှိနိုင်ပေ။

လာမည့် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမည့် ပလက်ဝ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအပါအဝင် ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် များစွာစိုးရိမ်မကင်းဖြစ်ရကြောင်း KACC မှ ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...