ALP မှ ခိုင်မျိုးထွန်း ဖမ်းဆီးခံထားရမှု အာမခံမရ၍ ကာယကံရှင်က စစ်တွေမြို့နယ်နှင့် ခရိုင်တရားရုံးကို စောဒကတက်

ALP မှ ခိုင်မျိုးထွန်း ဖမ်းဆီးခံထားရမှု အာမခံမရ၍ ကာယကံရှင်က စစ်တွေမြို့နယ်နှင့် ခရိုင်တရားရုံးကို စောဒကတက်
by -
နိရဥ္စရာ
ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာနမှ ဒုတာဝန်ခံ ခိုင်မျိုးထွန်းသည် အာမခံရရှိရေးအတွက် စစ်တွေမြို့နယ် နှင့် ခရိုင် တရားရုံးတို့တွင် လျှောက်ထားသော်လည်း တရားရုံးက အာမခံ မပေးမှုအပေါ် တရားသူကြီးအား စောဒကတက်ပြောဆိုလိုက်သည်။

မတ်လ ၁၅ ရက်နေ့နံနက်က စစ်တွေမြို့နယ်တရားတွင် သူ၏အမှုအတွက် (၂၁) ကြိမ်မြောက် ရုံးထုတ် စစ်ဆေးရာတွင် နိရဥ္စရာသတင်းဌာနအား ခိုင်မျိုးထွန်းက ယင်းသို့အသိပေး ပြောဆိုခဲ့သည်။

“၅၀၅ (ခ) (ဂ) နဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော့်အမှုအတွက် တရားရုံးမှာ အာမခံ လျှောက်ထားပါတယ်။ အာမခံကို မြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။ ခရိုင်တရားရုံးကို လျှောက်တော့လည်း ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ ကျွန်တော် ၂၀၁၄ ခုနှစ်ကတည်းက အာရုံကြော အားဆေး သောက်နေရတဲ့အတွက် အဲ့ဒီလိုမျိုး အာမခံ လျှောက်ထားရတာဖြစ်ပါတယ်”ဟု ခိုင်မျိုးထွန်းက ပြောသည်။

အာရုံကြော အားနည်းသည့် ရောဂါဝေဒနာကို ၂၀၁၄ ခုနှစ်ကတည်းက ခံစားနေရ၍ စစ်တွေ အကျဉ်းထောင်တွင် တစ်နှစ်နီးပါးခန့် ထိန်းသိမ်းခံထားရစဉ်ကာလအတွင်း ၄ ကြိမ် လဲကျဖူးကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းကို စစ်တွေအကျဉ်းထောင်မှ ဆရာဝန်များလည်း သိကြကြောင်း သူက ရှင်းပြ ပြောဆိုသည်။

သူ၏ အာမခံလျှောက်ထားမှုကို စစ်တွေ မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးတို့က ပယ်ချထား၍ ရခိုင်ပြည်နယ် တရားရုံးသို့ လျှောက်ထားကြောင်းသူက ပြောဆိုသည်။

သူ့အမှုအတွက် အာမခံကို ပယ်ချထားမှုသည် တရားလို တပ်မတော်ဘက်မှ ဖိအားတခုခုကြောင့်လား ဆိုသည်ကိုလည်း သူ့ဘက်က သံသယဝင်မိကြောင်း ပြောကြားသည်။

တရားလိုဘက်မှ တရားရုံးချိန်း ၃ ကြိမ်ခန့် တရားရုံးသို့ လာရောက်ရန် ပျက်ကွက်ခဲ့မှုသည် သူ့ကို ၂ လခန့် ပိုပြီး ချုပ်ထားနိုင်အောင် လုပ်ဆောင်ချက်ဟုလည်း ခိုင်မျိုးထွန်းက ဝေဖန် ပြောဆိုသွားသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ကြောင့် ခိုင်မျိုးထွန်းအား တပ်မတော်ကို အယုံအကြည်ပျက်စေမှု ၅၀၅ (ခ) (ဂ) ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်တွေအကျဉ်းထောင်တွင် ယနေ့အချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...