စစ်တပ်၏အကျင့်ပျက်ခြစားမှုကို ဖော်ပြခြင်းကြောင့် Justice for Myanmar ဝဘ်ဆိုဒ် ပိတ်ပင်ခံရဟုဆို

စစ်တပ်၏အကျင့်ပျက်ခြစားမှုကို ဖော်ပြခြင်းကြောင့် Justice for Myanmar ဝဘ်ဆိုဒ် ပိတ်ပင်ခံရဟုဆို
ဓာတ်ပုံ - Justice For Myanmar
ဓာတ်ပုံ - Justice For Myanmar

ခင်သရဖီဦး  — မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြမှုကြောင့် Justice for Myanmar ဝဘ်ဆိုဒ် အပိတ်ခံလိုက်ရဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဝဘ်ဆိုဒ်ပိတ်ခြင်းမှာ မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစား အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီလို ဆင်ဆာပိတ်ပင်တာဟာ သဘောထားကွဲလွဲမှုတွေကို အသံတိတ်သွားအောင် မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဖုံးကွယ်ပစ်ဖို့ ကြိုးပမ်းချက်တစ်ရပ် ဆိုတာကတော့ ရှင်းပါတယ်” ဟု ဆိုသည်။

သို့သော်လည်း Justice For Myanmar အနေဖြင့် အမှန်တရားအတွက် အာဏာရှိသူများကို ဆက်ပြောသွားမည် ဖြစ်ကြောင်း မရတနာမောင်က ဆိုသည်။

Justice For Myanmar ဝက်ဆိုက်မှာ မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုများကိုရှာဖွေရန် ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို မြှင့်တင်ရန် လုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုများ၊ စစ်တပ်စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆက်နွယ်နေသည့် သက်သေအထောက်အထားများ ပါရှိသော အစီရင်ခံစာများကို ထုတ်ပြန်နေခြင်းဖြစ်သည်။

ထို့အပြင် မြန်မာအစိုးရသည် ရခိုင်နှင့် ကရင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရေးသားနေသည့် Karen Information Center ၊ Development Media Group နှင့် Narinjara သတင်းဌာနများအပါအဝင် တိုင်းရင်းသားသတင်းမီဒီယာ ဝဘ်ဆိုဒ်များအား ပိတ်ခဲ့ပြီးနောက် Justice For Myanmar ကို ဆင်ဆာပိတ်ပင်မှု လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပြည်သူများသတင်းအချက်အလက် သိပိုင်ခွင့်အပေါ် တိုက်ခိုက်မှုအား မြန်မာအစိုးရကို ရှုံချကြောင်းလည်း မရတနာမောင်က ဆက်ပြောသည်။

“ကျမတို့ပြောဆိုချက်တွေဟာ သက်သေအထောက်အထားကို အခြေခံထားတာဖြစ်ပြီး ကျမတို့ အစီရင်ခံစာတွေအပေါ် အစိုးရအနေနဲ့ သ က်သေအထောက်အထားနဲ့ တုန့်ပြန်ဖို့ဖိတ်ခေါ်ပါတယ်။ သို့ပေမယ့်လည်း ပြည်သူ့ရှေ့မှာ ဆွေးနွေးငြင်းခုံမှု၊ တာဝန်ခံမှုတွေနဲ့ တုန့်ပြန်ရမယ့်အစား အရပ်သားအစိုးရအနေနဲ့ ဖိနှိပ်မှုကိုရွေးချယ်ခဲ့ပြီး စစ်တပ်ရဲ့အမှားတွေကို ဖုံးကွယ်ပေးဖို့ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

Justice For Myanmar ဝဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များကို မြန်မာမီဒီယာများတွင် သတင်းရေးသားဖော်ပြခဲ့ကြပြီး စစ်တပ်နှင့် အရပ်သားအစိုးရတို့၏ တာဝန်ရှိမှုများအပေါ် ပြည်သူလူထုက ပိုမိုသိရှိလာပြီး စစ်ဆေးမေးခွန်းထုတ်မှုများရှိလာအောင် ကူညီအားဖြည့်ပေးခဲ့ကြောင်းလည်း ဆိုသည်။

လတ်တလော ထုတ်ပြန်ခဲ့သည့် သတင်းအကြောင်းအရာများတွင် မြန်မာစစ်တပ်၏ စနစ်ကျလှသည့် အကျိုးစီးပွားပဋိပက္ခများ၊ ဂျပန်အစိုးရ ကျောထောက်နောက်ခံ Y Complex အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းမှ စစ်တပ်သို့ ငွေကြေးပေးချေမှုများ၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များ၏ သားသမီးများပိုင်ဆိုင်သည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်များမှ အကျိုးအမြတ် အသေးစိတ်အချက်အလက်များ၊ မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် အားပေးထောက်ခံသည့် ခရိုနီ စီးပွားရေးသမားများ၏ လှူဒါန်းမှုများအား ဖော်ထုတ်ရေးသားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရကို ပြည်သူကတင်မြှောက်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် ပြည်သူများအပေါ်တွင် ဆိုးရွားသည့် ချိုးဖောက်မှုများ ကျူးလွန်နေသည့် အကျင့်ပျက်ခြစား စစ်ရာဇဝတ်အုပ်စုကို တာဝန်ခံရမည် မဟုတ်ကြောင်းနှင့် သတင်းဝဘ်ဆိုဒ်များကို ပိတ်ပင်ထားမှုကိုလည်း ဖယ်ရှားပေးရန် တောင်းဆိုကြောင်းလည်း မရတနာမောင်က ဆိုသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...