ကျပ်သိန်းပေါင်း ခုနှစ်သောင်း အကုန်ကျခံတည်ဆောက်မည့် စစ်တွေ မေယုအဆင့်မြင့်စျေးဝယ်စင်တာ ပန္နက်ရိုက်

ကျပ်သိန်းပေါင်း ခုနှစ်သောင်း အကုန်ကျခံတည်ဆောက်မည့် စစ်တွေ မေယုအဆင့်မြင့်စျေးဝယ်စင်တာ ပန္နက်ရိုက်
by -
နိရဥ္စရာ
ကျပ်သိန်းပေါင်း ရ သောင်း အကုန်အကျခံ တည်ဆောက်မည့် စစ်တွေမြို့ မေယု အဆင့်မြင့် စျေးစင်တာ ပန္နက်တင် မင်္ဂလာအခမ်း အနားကို မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့သည်။

မေယု စျေးသစ်အား ယခင်စျေးဟောင်းနေရာတွင် တည်ဆောက်သွားမည် ဖြစ်သည်။

ဆောက်လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီ Western Shining Stars Public Co.Ltd (WWS ) မှ ဒါရိုက်တာအဖွဲ့ ဥက္ကဌ ဦးဦးကျော်ရင်မှ မေယု အဆင့်မြင့် စျေးဝယ်စင်တာကို ကျပ်သိန်းပေါင်း ရ သောင်းခန့် အကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း၊ ယခင် စျေးသည်ဟောင်းများ အတွက် ဆိုင်ခန်း ၁၄၄ ခန်းအား မြေညီထပ်တွင် ပြန်လည် နေရာ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့အနေနဲ့ ခန့်မှန်းကုန်ကျငွေ မြန်မာကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်းခန့် ကုန်ကျနိုင်မယ်လို့ ကျနော်တို့ တွက်ချက်ထားပါတယ်။ စီမံကိန်းကာလကတော့ ကျနော်တို့ ၂ နှစ်ခွဲတင်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ ၂ နှစ် အတွင်း ပြီးနိုင်အောင် ဆောင်ရွက်သွားပါမယ်”ဟု ပြောဆိုခဲ့သည်။

ယခုပြုလုပ်မည့် စျေးသစ်ကြီး တွင် သုံးထပ် ပင်မ Shopping Mall ကြီးနှစ်ခုနှင့် ၄င်းပတ်လည်တွင် (၁၉၂၀) စတုရန်ပေ နှစ်ထပ် အာရ်စီ စျေးဝယ် shopping house ၃၈ လုံး၊ (၁၅၃၀) စုတုရန်ပေတွင် စျေးဝယ် Shopping house (၃၆) လုံး တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ပင်မ Shopping Mall ၏ မြေညီထပ်တွင် ဆိုင်ခန်းပေါင်း (၂၆၈) ခန်း၊ ပထမထပ်တွင် ဆိုင်ခန်းပေါင်း (၁၀၈) ခန်း ပါရှိမည် ဖြစ်ပြီး ဒုတိယထိထပ်တွင် ကလေးကစားကွင်း၊ အများပြည်သူများ အပန်းဖြေရန်နေရာနှင့် ခောတ်မီ စားသောက်ခန်းများတည် ဆောက်သွားမည်ဖြစ်ကြောင်းလည်း ကုမ္ပဏီဒါရိုက်တာအဖွဲ့ ဥက္ကဌ ဦးဦးကျော်ရင်မှ ဆက်လက်ပြောဆိုရှင်းပြခဲ့သည်။

ယနေ့ ပန္နက်တင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာသည့်ရခိုင်ပြည်နယ် ၀န်ကြီးချုပ် မိန့်ခွန်းတွင် တိုးတက်မှုကို ဦးတည်ကာ စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် တိုင်းပြည် တစ်ပြည်အတွက် အဓိကကျသည့် စီးပွားရေအား မဆောင်ရွက်နိုင်ပါက မည်သို့မှ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ပြည်နယ်အတွက်ကို နိုင်ငံတော်အစိုရ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ ဦးဆောင်ပြီးတော့ ပံ့ပိုးမှုတွေနဲ့ အထူးကို ဦးစားပေးပြီးဆောင်ရွက်နေတဲ့ အနေအထားပါ။ အခြားတိုင်းနဲ့ ပြည်နယ်တွေထက်ယှဉ်ရင် ကျနော်တို့ဟာ အထူူဦးစားပေးပြီးတော့ကို ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ကျနော်တို့ စေတနာကောင်းတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် အင်မတန်မှ အခြေအနေကောင်း တစ်ခုကို ရောက်ရှိလာမှ ဖြစ်ပါတယ်” ဟု ပြည်နယ် ၀န်ကြီးချုပ်က ပြောဆသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း စီမံချက်ရေးဆွဲပြီး ပူပေါင်းဆောင်ရွက်နိုင်မည့် မူကြမ်းတစ်ရပ်လည်း ထွက်ပေါ်လာပြီးဖြစ်ခြင်းကြောင့် ပြည်ထောင်စုအစိုးရသို့ အတည်ပြုနိုင်ရန် တင်ပြထားပြီးဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့သည်။

ယခုတည်ဆောက်မည့် မေယုစျေးသစ်စီမံကိန်းအား WWS ကုမ္ပဏီနှင့်အတူ Golden Green Energy Co..,Ltd တို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...