အင်တာနက်လိုင်း အပြည့်အဝမရ၍ ကိုဗစ်ကာလ ပါတီစည်းရုံးရေးအတွက် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများ အခက်တွေ့

အင်တာနက်လိုင်း အပြည့်အဝမရ၍ ကိုဗစ်ကာလ ပါတီစည်းရုံးရေးအတွက် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများ အခက်တွေ့

မင်းထွန်း — အင်တာနက် အပြည့်အဝသုံးစွဲခွင့်မရသဖြင့် ကိုဗစ်ကာလ ဆိုရှယ်မီဒီယာအသုံးပြု၍ ပါတီစည်းရုံးရေး လုပ်ဆောင်ရန် အခက်အခဲတွေ့နေကြာင်း ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကပြောသည်။

တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် အကန့်အသတ်များရှိလာရာ ရခိုင်အခြေစိုက်ပါတီများအနေဖြင့် ပါတီစည်းရုံးရေးကို အင်တာနက်အသုံးပြုလုပ်ဆောင်ရန် ရခိုင်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်တွင် 2G သာရရှိသဖြင့် ခက်ခဲနေသည်ဟုဆိုသည်။

“အင်တာနက်ဖွင့်ပေးလိုက်ပြီဆိုတာ နာမည်ပဲရှိတယ်။ 2G ဆိုတော့ ဘယ်လိုမှ အင်တာနက်ကို ကောင်းကောင်းမွန်မွန် သုံးလို့မရနိုင်ဘူး။ ဒါကြောင့် မဲဆွယ်စည်းရုံးဖို့ အင်တာနက်ကိုအသုံးပြုဖို့က အလွန်တရာ ခက်ခဲပါတယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

လက်ရှိဖွင့်ပေးထားသည့် 2 G အင်တာနက်ဖြင့်  Email ၊ SMS နှင့် Website များအသုံးပြုရန် အလွန်ခက်ခဲနေပြီး ၁၀ တန်းအောင်စာရင်းများကြည့်ရှုရာတွင် အဆင်မပြေခဲ့ကြောင်းနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နဂိုမူလ အင်တာနက်ဖြတ်တောက်ခဲ့သည့် အခြေအနေနှင့် မထူးခြားကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၀ က ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ 2G အင်တာနက်သာရရှိသည့် မြို့နယ်များတွင် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ မူဝါဒများကို အွန်းလိုင်းမှ တစ်ဆင့်ဖော်ပြရာတွင် အခက်အခဲများရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့က ပြည်သူလူထုသိအောင် အွန်လိုင်းကပဲ တဆင့်သွားမယ်ပေါ့။ ပါတီမူဝါဒတွေကို ဖော်ပြပေးမယ်။ အွန်လိုင်းကနေ တင်မယ်၊ အွန်လိုင်းမရတဲ့နေရာတွေကျတော့ မရောက်နိုင်ဘူး။ အဲဒါကတော့ လူတွေကနေတစ်ဆင့် လက်ကမ်းစာစောင်တွေ ပေးသွားဖို့ရှိတယ်။ အိမ်တိုင်ရာရောက်ပေါ့” ဟု ၎င်းက ပြောသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...