စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းတွင် အသုံးပြုမည့် ကုန်တင်သင်္ဘော ၄ စီးရောက်ရှိပြီ

စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းတွင် အသုံးပြုမည့် ကုန်တင်သင်္ဘော ၄ စီးရောက်ရှိပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်တည်ဆောက်နေသည့် အိန္ဒိယ ဆိပ်ကမ်းစီမံကိန်း ရာနှုန်းပြည့် ပြီးစီးနေပြီး ဖြစ်သောကြောင့် ကုလားတန်မြစ်ကြောင်းပြေးဆွဲရန် လက်ရှိ အချိန်တွင် ကုန်တင် သင်္ဘော ၄ စီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရောက်ရှိနေသည့် သဘောင်္များမှာ အိန္ဒိယနည်းပညာဖြင့် ပြည်တွင်းတွင် အသစ်တည်ဆောက်ထားသည့် သင်္ဘောများဖြစ်ကြောင်း ပြည်နယ်ရေကြောင်းပို့ဆောင်ရေး လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်ဝင်းမှ နိရဥ္စရာသို့ပြောသည်။

“ သဘောင်္နှစ်စီးကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကနေ ရောက်နေတာပါ။ ဒီမတ်လ ၁၀ ရက်နေ့က ၂ စီးထပ်ရောက်လားတော့ အခု ၄ စီးရှိပြီပေါ့နော်။ နောက်နှစ်စီးလည်း လာဖို့ရှိပါသေးတယ်။ ခုချိန်ထိတော့ ကျွန်တော်တို့ လက်ထဲကို မအပ်သေးပါဘူး။ ဘယ်ချိန်စပြီး ပြေးဆွဲ မယ်ဆိုတာလည်း မပြောနိုင်သေးပါဘူး” ဟုနိရဥ္စရာသို့ ပြောသည်။

ရောက်ရှိနေသည့် ကုလားတန် ၁ မှ ၄ထိ ဘင်္ဘော (၄) စီးလုံးမှာ စစ်တွေ အိန္ဒိယ ရေနက်ဆိပ်ကမ်းတွင်သာ ထားရှိကာ အလျှား ၄၅ မီတာ၊ အနံ ၉ ဒသမ ၅၊ စောက်အနက် ၂ ဒဿမ ၃ မီတာဖြစ်ပြီး စက်အမျိုးအစား YAMAR GHA2M- WHT(2Nos)၊ မြင်းကောင်းရေ (၂၇၃×၂)BHP ဖြစ်ကြောင်းသိရသည်။

ယခုမတ်လအတွင်းတွင် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သော စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယမှ မြန်မာအစိုးရသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း အိန္ဒိယသံအမတ် Mr Shri Vikram Misri က ဇွန်နဝါရီ (၃၁) ရက်နေ့က စစ်တွေတွင်ပြောဆိုခဲ့သည်။

စစ်တွေဆိပ်ကမ်းမှ ကုန်ပစ္စည်းများကို ကုန်တင် သင်္ဘောငယ်များဖြင့် ပလက်ဝ ထိ တင်ပို့မည် ဖြစ်ပြီး ပလက်ဝမှ တဆင့် အိန္ဒိယ မီဇူရမ်ပြည်နယ်ကို ကားလမ်းဖြင့် ကုန်ပစ္စည်းများကို တင်ပို့မည် ဖြစ်ရာ ယခုအချိန်ထိ ကားလမ်းကို မဖောက်ရသေးသဖြင့် ကုလားတန် ဘက်စုံ စီမံကိန်းကို စတင်ရန် အနည်းဆုံး အချိန် (၂) နှစ်ခန့် ကြာမြှင့်နိုင်ကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ပြောကြားသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...