စစ်တွေဆေးရုံကြီးသို့ တာဝန်ထမ်းဆောင်ရန်လာရောက်မည့် သူနာပြု (၅၆) ဦး လမ်းခရီးအခက်အခဲရှိသဖြင့် အစိုးရအစီအစဉ်ဖြင့် ခေါ်ဆောင်ပေးရန်လိုလားနေ

စစ်တွေဆေးရုံကြီးသို့ တာဝန်ထမ်းဆောင်ရန်လာရောက်မည့် သူနာပြု (၅၆) ဦး လမ်းခရီးအခက်အခဲရှိသဖြင့် အစိုးရအစီအစဉ်ဖြင့် ခေါ်ဆောင်ပေးရန်လိုလားနေ

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရန်လာရောက်မည့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက်ဆုံးနှစ်ဖြေဆိုထားသည့် သူနာပြု ၅၆ ဦးမှာ ကားလမ်း၊ ရေလမ်းများပိတ်ထားသဖြင့် စစ်တွေသို့ လာရောက်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ သူနာပြု ၅၆ ဦးကို စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် သြဂုတ်လကုန်တွင် နောက်ဆုံးထားပြီးလာရောက်ရန် ခေါ်ထားသော်လည်း လမ်းခရီးအခက်အခဲဖြစ်ပေါ်နေသည်ဟု ယခုလာရောက်မည့်သူများထဲမှ အမည်မဖော်ပြလိုသူတစ်ဦးက ပြောသည်။

“စစ်တွေဆေးရုံမှာ အလုပ်လာဝင်ပါဆိုပြီးတော့ စာတစ်စောင်ရောက်လာတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားဖို့က ကားလမ်း၊ရေလမ်းတွေပိတ်ထားတော့ လာလို့မရဘူး။ လာခေါ်မယ်ဆိုရင်တော့ သွားလို့အဆင်ပြေမယ်။ လာမခေါ်ဘူးဆိုလို့ရှိရင် ကားထွက်တဲ့နေ့မှသွားလို့ရမယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင် ပိုးတွေ့လူနာများပြားလာသဖြင့် စစ်တွေမြို့သို့သွားလာနေသည့် ကားများနှင့် ရေယာဉ်များကို ယာယီပိတ်ထားသဖြင့် ယခုကဲ့သို့ အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။

“အစိုးရအစီအစဉ်နဲ့ စီစဉ်ပေးမယ်ဆိုရင် အဆင်ပြေမယ်။ မဟုတ်လို့ရှိရင် ကားလမ်း၊ရေကြောင်းလမ်းတွေက ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာ မသိရဘူး။ အစတုန်းကလို လမ်းကြောင်းပုံမှန်ဖွင့်ပေးလို့ရှိရင်တော့ ကိုယ့်အစီအစဉ်နဲ့လာဖို့ ပြင်ဆင်ပြီးသားပါ။ အခုအချိန်မှာတော့ အစိုးရကစီစဉ်ပေးမှသာ အမြန်ရောက်နိုင်မယ်” ဟု နောက်ထပ်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျှောက်တာဝန်ထမ်းဆောင်ရန် ရန်ကုန်မှ ဆရာဝန်နှင့်သူနာပြု ၂၄ ဦးမှာ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က မည်သူမဆို စေတနာ့ဝန်ထမ်း လာရောက်လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

“စေတနာ့ဝန်ထမ်းလုပ်ဖို့အတွက်ဆိုရင် ဆရာဝန်တွေရော၊ သူနာပြုတွေရော ကြိုက်တဲ့လူလာပါ။ သူနာပြုသင်တန်းကျောင်းက နောက်ဆုံးနှစ်သူတွေမှ မဟုတ်ဘူး။ အပြင်မှာ အလုပ်လုပ်တဲ့လူတွေရော စေတနာ့ဝန်ထမ်းလုပ်မယ်ဆိုရင် လာခဲ့ပါလို့ အားလုံးကိုခေါ်ထားပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်အထိ တစ်ပတ်ကျော်အတွင်း Covid-19 ပိုးတွေ့လူနာ ၇၂ ဦးအထိ တိုးမြင့်လာနေသည်။

ပိုးတွေ့လူနာ ၇၂ ဦးမှာ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ၆၇ ဦး ၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံတွင် ၃ ဦးနှင့် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၂ ဦး ဆေးကုသမှုခံယူလျက်ရှိသည်။

ယခင်က ပြည်ပမှတစ်ဆင့် ကူးစက်မှုဖြစ်ပွားခဲ့သည့် ပိုးတွေ့လူနာ ၁၆ ဦးရှိခဲ့ပြီး ၁၆ ဦးစလုံးမှာ ရောဂါကောင်းမွန်သွားပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း ၈၈ ဦးအထိ ရှိနေပြီဖြစ်သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...