အင်တာနက်အဆင်မပြေ၍ ကိုဗစ်သတင်းအချက်အလက်များကို ကြော်ငြာဘိုးထောင်ပြီး ဖြန့်ဝေနေရ

အင်တာနက်အဆင်မပြေ၍ ကိုဗစ်သတင်းအချက်အလက်များကို ကြော်ငြာဘိုးထောင်ပြီး ဖြန့်ဝေနေရ

အင်တာနက်သုံး၍ အဆင်မပြေသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် Covid-19 နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူသိရှိနိုင်အောင်အတွက် ကြော်ငြာဆိုင်းဘိုးလေးများထောင်ပြီး ဖြန့်ဝေနေရသည်။

ကိုဗစ်နှင့်ပတ်သက်ပြီး သတင်းမှားများ မပျံ့နှံ့စေချင်သည့်အတွက် ယခုအစီအစဉ်ကို မြောက်ဦးမြို့နယ် Covid-19 ကာကွယ်ရေးပူးပေါင်းကော်မတီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာတော့ မြောက်ဦးမြို့ရှိ လူစည်ကားရာအရပ်ဖြစ်သော တောင်ရပ်ခွဆုံ (ဈေးကြီးရှေ့) တစ်နေရာတည်းတွင်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး တခြားနေရာများတွင်လည်း ယခုကဲ့သို့ ထားရှိနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်နေကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ တစ်ပတ်ကျော်ကာလအတွင်း covid-19 ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၇၂ ဦးအထိရှိပြီး ထိုအထဲတွင် စစ်တွေမြို့နယ်မှ ၆၇ ဦး၊ သံတွဲမြို့နယ်မှ ၂ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၃ ဦးပါဝင်သည်။

(ဓာတ်ပုံ - Zaw Htun's Facebook)

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...