မွန်ပြည်နယ်တွင် မဲရုံ ၁၀၀၀ နီးပါး လျာထား

မွန်ပြည်နယ်တွင် မဲရုံ ၁၀၀၀ နီးပါး လျာထား

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်သားများ ပါဝင်မဲပေးရမည့် မဲရုံ ၄၉ ရုံ အပါအဝင် မဲရုံပေါင်း ၉၅၄ ရုံ လျာထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် တပ်သီးသန့်မဲရုံထားရှိမည်မဟုတ်ပဲ တပ်နှင့် ပြည်သူ ပေါင်းထားသည့် မဲရုံများ ထား ရှိမည် ဖြစ်ကြောင်း တပ်မတော်သားများပါဝင်သော မဲရုံအားလုံးသည်လည်း တပ်ပြင်ပတွင်သာထားရှိမည် ဟု ပြည်နယ် ရွေး  ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။

“အခုက တပ်သီးသန့်ကြီးပဲ မဲရုံကြီးလုပ်တာမဟုတ်ဘူး၊ တပ်အနားမှာ စာသင်ကျောင်းရှိတယ်။ အဲဒီ စာသင်  ကျောင်းမှာရှိတဲ့မဲရုံမှာ တပ်ကို ထည့်လိုက်တယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ အရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်သားနှင့် အတူနေမိသားစုများအပါအဝင် မဲပေးခွင့် ရှိသူ ၁၇ သိန်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မဲစာရင်း တည်ဆောက်သည့် အချိန်မှာလည်း မဲရုံတစ်ခုလုံး၏ မဲစာရင်းကိုသာ တည်ဆောက်ထားသည့်အတွက် တပ်မတော်နှင့် အတူနေ မိသားစုမဲစာရင်းဆိုပြီး မဲစာရင်းသီးသန့်ထွက်လာခြင်းမရှိဟု လည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။  

လျာထားမဲရုံ ၉၅၀ ကျော်အတွက် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် ခန့်အပ်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

“မဲရုံလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့က မဲရုံတစ်ရုံကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်မပေးနိုင်ဘူး။ မပေးနိုင်တဲ့အခါကျတော့ အရံရဲပေါ့ အထူးရဲလို့ခေါ်တာပေါ့ ခန့်ထားဖို့ ဆောင်ရွက်နေတယ်” ဟု ရဲမှူး (ဦးစီး) ထွန်းထွန်းက  ပြောသည်။

ပြည်နယ်အတွင်း လျာထားသည့် မဲရုံများသည် ရဲတပ်ဖွဲ့ဝင်များသာ လုံခြုံရေးယူရမည့် မဲရုံများရှိသလို ရဲတပ်ဖွဲ့ နှင့် တပ်မတော်ပူးပေါင်းကာ လုံခြုံရေး ရယူရမည့်မဲရုံများလည်း ရှိသည်ဟု ရဲမှူး (ဦးစီး) က ဆက်ပြောသည်။

လျာထားမဲရုံ ၉၅၄ ရုံတွင် မဲဆန္ဒရှင် ၅၀၀ အောက်ရှိသည့် မဲရုံ ၂၇ ရုံ၊ မဲဆန္ဒရှင် ၅၀၀ နှင့် ၁၀၀၀ ကြားရှိ မဲရုံ ၉၀ ရုံ၊ မဲဆန္ဒရှင် ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိ မဲရုံ ၁၈၄ ရုံ၊ မဲဆန္ဒရှင် ၁၅၀၀ နှင့် ၂၀၀၀ ကြားရှိ မဲရုံ ၂၃၃ ရုံ၊ မဲဆန္ဒရှင် ၂၀၀၀ နှင့် ၂၅၀၀ ကြားရှိ မဲရုံ ၂၃၂ ရုံနှင့် မဲဆန္ဒရှင် ၂၅၀၀ နှင့် ၃၀၀၀ ကြားရှိ မဲရုံ  ၁၇၁ ရုံ ဖြစ်သည် ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...