လေဆင်နှာမောင်းတိုက်၍ မြောက်ဦးနယ်တွင် အိမ် ၂၅ လုံးပြိုပျက်

လေဆင်နှာမောင်းတိုက်၍ မြောက်ဦးနယ်တွင် အိမ် ၂၅ လုံးပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာ အုပ်စု ရုပ်ချောင်းရွာတွင် လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်သွားသဖြင့် အိမ်ပေါင်း ၂၅ လုံး ပြိုပျက်ပြီး လူပေါင်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော် သွားရောက်စစ်ဆေးခဲ့ပါတယ်။ အိမ်က ၂၅ လုံး ပြိုပျက်သွားပါတယ်။ ၅ လုံးကတော့ လုံးဝ ပြိုပျက်သွားပြီး ၂၀ လုံးက ခေါင်းမိုးတွေလန်သွားပါတယ်။ ထရံတွေကွာကျသွားပါတယ်” ဟု ၎င်းကျေးရွာသို့ ရောက်ရှိ စစ်ဆေးနေသူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသားစိန်က ပြောကြားသည်။

လေဆင်နှာမောင်းသည် ယနေ့ မတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် တိုက်ခတ်သွားခြင်း ဖြစ်ပြီး လူပေါင်း ၁၀၁ ဦး အခက်အခဲများ ဖြစ်ပေါ်နေကြသည်ဟု သိရသည်။

“ လုံးဝ ပြိုပျက်သွားတဲ့ ၅ အိမ်က လူတွေ အနေနဲ့တော့ တဲထိုးနေရပါတယ်။ တစ်ဝက်တစ်ပျက် ပျက်စီးသွားတဲ့ အိမ်တွေက လူတွေ အနေနဲ့ အိမ်တွေ ပြန်လည် ပြုပြင်ပြီး နေကြပါတယ်။ ခေါင်းမိုးတွေကို ပြန်ပြင်နေကြတယ်။ စုစုပေါင်း ၁၀၁ ဦးကတော့ အိမ်တွေ ပြိုသွားတဲ့ အတွက် အခက်အခဲရှိနေကြပါတယ်” ဟု သူက ပြောသည်။

အိမ်များ ပြိုပျက်သွားသော်လည်း ကျေးရွာသားများ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်က ချက်ချင်း အရေးပေါ် ငွေ ၅ သိန်း ကူညီ ထောက်ပံ့ထားကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...