ရခိုင်ပြည်နယ်တွင် ၂၀၁၆ နှစ်အတွင်း လူသတ်မူ ၁၀၅ မှု ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်တွင် ၂၀၁၆ နှစ်အတွင်း လူသတ်မူ ၁၀၅ မှု ဖြစ်ပွားခဲ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၌ ၂၀၁၆ ခုနှစ် အတွင်း လူသတ်မှု ၁၀၅ မှုထိ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် ရဲမှူးကြီး စိန်လွှင်မှ ပြောကြားသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် မှုခင်းများ ကျဆင်ရေး အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့မိ မြို့ဖများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တွေ့ဆုံသည့် “ မူခင်းကျဆင်းရေးအတွက် ပြည်သူလူထုအပေါ် ပညာပေးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးပွဲ” အခမ်းအနားတွင် ပြည်နယ် ရဲမှူးကြီးက ထိုသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ၂၀၁၅ နဲ့ စာရင် ၂၀၁၆ ခုနှစ် အတွင်း ရခိုင်ပြည်နယ်မှာ လူသတ်မှုတွေ တိုးလာခဲ့ပါတယ်။ ၂၀၁၆ တစ်နှစ်တည်းမှာ လူသတ်မှု ၁၀၅ မှု အထိဖြစ်ပွားခဲ့ပါတယ်” ဟု ရဲမှူးကြီးက ပြောဆိုသည်။

၂၀၁၆ ခုနှစ် လူသတ်မှုအများဆုံး မြို့နယ်မှာ ကျောက်ဖြူမြို့နယ်ဖြစ်ပြီး လူသတ်မှုပေါင်း ၂၀ ထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒုတိယ လူသတ်မှု အဖြစ်ဆုံး မြို့နယ်မှာ တောင်ကုတ်မြို့နယ်ဖြစ်ကာ လူသတ်မှု (၁၄) ဖြစ်ပွားခဲ့ပြီး တတိယ အများဆုံးမှာ စစ်တွေမြို့နယ်ဖြစ်ပြီး လူသတ်မှု ၁၃ မှု အထိရှိခဲ့ကြောင်း ရဲမှူးကြီးစိန်လွှင်က ပြောသည်။

လူသတ်မှုမှာ မြို့ပေါ်ထက် ကျေးလက် ဒေသများတွင် အဖြစ်များကား လူသတ်မှု ရ၀ ရာခိုင်နှုန်း မှာ အရက်သေစာ သောက်စားမူးယစ်မှုကြောင့် ဖြစ်ကြောင်း ရဲမှူးကြီးက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တစ်ခြားဆိုးရွားသော ပြသနာ တစ်ရပ်မှာ မူးယစ်ဆေးဝါး ဖြစ်ပြီး ယခင်နှစ်များကထက် ရောင်းဝယ် ဖောက်ကားမှု၊ သုံးစွဲမှုများ ပိုမို မြင့်မားလာခဲ့သည်ဟု ဆိုသည်။

ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲကို ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူပေါင်းပြီး မှုခင်း ကျဆင်းရေ၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...