Published
Sunday, August 09, 2020
မောင်တောတွင် ခရီးသွားကားတစ်စီး ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦး ဒဏ်ရာရ
ပစ်ခတ်ခံရ၍ ကျည်ထိမှန်ဒဏ်ရာရရှိသွားသည့် ယာဉ်မောင်းဖြစ်သူ ကိုအောင်မျိုးသန်းအား စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာစဉ်။
အောင်ထိန် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ သြဂုတ် ၆ ရက် ည ၇ နာရီအချိန်ခန့်တွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်အကူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။
ထိုသို့ဒဏ်ရာရရှိသူတို့မှာ ဒုချီးရာတန်းကျေးရွာအုပ်စု ခရေမြိုင်(နတလ)ကျေးရွာနေ ကိုအောင်မျိုးသန်း(၃၀)နှစ် နှင့် ကိုမောင်သန်းဝင်း(၃၆)နှစ်တို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးသည် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသို့ ခရီးသည်များပို့ဆောင်ပြီးပြန်လာစဉ် မြင်းလွှတ်မြို့ မြောချောင်းရပ်ကွက်အရောက်တွင် ယင်းသို့ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင် ကိုအောင်မျိုးသန်းက DMG သို့ ပြောသည်။
“ကျနော်တို့ပြန်လာတဲ့အခါ ပစ်ခတ်တာ။ ဘယ်ကပစ်လဲ ဘယ်သူပစ်လဲမသိဘူး။ ကျွန်တော်လည်း ကားကို အမြန် မောင်းတယ်။ ကျနော်ကြည့်လိုက်တော့ ကျနော့်မှာဒဏ်ရာရထားတာမြင်တယ်”ဟု ကိုအောင်မျိုးသန်းက ပြောသည်။
ထိုသို့ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်မောင်းဖြစ်သူ ကိုအောင်မျိုးသန်း၏ ညာဘက်ပေါင်တွင် ကျည်ဆံထိမှန် သွားပြီး ကိုမောင်သန်းဝင်းမှာ ကားရှေ့မှန်ကွဲအက်မှုကြောင့် ဘယ်ဘက်ခြေသလုံး၌ မှန်စထိမှန်သွားခဲ့သည်။
လက်ရှိအချိန်၌ ကိုအောင်မျိုးသန်းသည် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေလျှက်ရှိပြီး ကိုမောင်သန်းဝင်းကတော့ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူလျှက်ရှိသည်။
ယခုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ခရီးသည်ယာဉ်လိုင်း မောင်နှင်းသူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြသည်။