တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ၈ ဦး ၀င်ရောက်ဖြေဆို

တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ၈ ဦး ၀င်ရောက်ဖြေဆို
မတ်လ ၈ ရက်နေ့က စတင်ခဲ့သော ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ကျောင်းသားကျောင်း သူ ၈ ဦး စာမေးပွဲ ၀င်ရောက် ဖြေဆိုနေသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် မသန်စွမ်းသူ ၈ ဦးတွင် မြောက်ဦးမြို့မှ ၃ ဦး၊ မြေပုံမြို့မှ ၁ ဦး၊ စစ်တွေမြို့မှ ၂ ဦး၊ ရသေ့တောင်မြို့မှ ၁ ဦးနှင့် ဂွမြို့မှ ၁ ဦးတို့ ဖြစ်ကြသည်။

“သူတို့တွေက နီးစပ်ရာ စာစစ်ဌာနတွေမှာ ဝင်ရောက်ဖြေဆိုနေကြတာဖြစ်ပါတယ်။ အဲဒီ ၈ ယောက်ထဲမှာ ဆွံ့အ၊ နားမကြာသူတစ်ယောက် ပါပါတယ်။ “ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၂ဝဝဝ ကျော် စာရင်းသွင်းထားခဲ့သော်လည်း မတ်လ (၈)ရက်နေ့တွင် ဖြေဆိုသူ ကျောင်းသား ဦးရေမှာ ၃၈ဝဝဝ ကျော် ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...