တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ၈ ဦး ၀င်ရောက်ဖြေဆို

တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ၈ ဦး ၀င်ရောက်ဖြေဆို
မတ်လ ၈ ရက်နေ့က စတင်ခဲ့သော ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ မသန်စွမ်းသူ ကျောင်းသားကျောင်း သူ ၈ ဦး စာမေးပွဲ ၀င်ရောက် ဖြေဆိုနေသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် မသန်စွမ်းသူ ၈ ဦးတွင် မြောက်ဦးမြို့မှ ၃ ဦး၊ မြေပုံမြို့မှ ၁ ဦး၊ စစ်တွေမြို့မှ ၂ ဦး၊ ရသေ့တောင်မြို့မှ ၁ ဦးနှင့် ဂွမြို့မှ ၁ ဦးတို့ ဖြစ်ကြသည်။

“သူတို့တွေက နီးစပ်ရာ စာစစ်ဌာနတွေမှာ ဝင်ရောက်ဖြေဆိုနေကြတာဖြစ်ပါတယ်။ အဲဒီ ၈ ယောက်ထဲမှာ ဆွံ့အ၊ နားမကြာသူတစ်ယောက် ပါပါတယ်။ “ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစန်းက နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၂ဝဝဝ ကျော် စာရင်းသွင်းထားခဲ့သော်လည်း မတ်လ (၈)ရက်နေ့တွင် ဖြေဆိုသူ ကျောင်းသား ဦးရေမှာ ၃၈ဝဝဝ ကျော် ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...