တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးကို မောင်တောတိုက်ပွဲမှ ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးကို မောင်တောတိုက်ပွဲမှ ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

ခိုင်ရိုးလ - ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ဘူးသီးတောင်အခြေစိုက် ခလရ(၂၆၃)တပ်ရင်းမှ တပ်ကြပ် ဇော်ဇော် ၄၈ နှစ်၊ တပ်သား ရဲနိုင် ၃၆ နှစ်၊ တပ်သား ကောင်းထက် ၂၇ နှစ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် တပ်ကြပ် သစ်လွင်စိုး ၃၇ နှစ်၊ တပ်ကြပ် ထွန်းကျော်ကျော် ၂၈ နှစ်နှင့် တပ်သား မိုင်းဝေစံ ၂၆ နှစ်တို့ဖြစ်ကြောင်း အေအေ၏ထုတ်ပြန်ချက်က ဆိုသည်။

သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ်ရှိ အင်းဒင်-စေတီပြင် မေယုတောင်ကျော်လမ်း၌ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၃ ရက်နေ့က မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အေအေက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးသွားခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိစေရေး ဆောင်ရွက်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တပ်မတော်ကဆိုသည်။

အေအေ၏ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(နယ်ခြားစောင့် တပ်ဖွဲ့)မှ ၁၆ ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

လက်ရှိမှာ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိကြောင်း အေအေ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...