ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသား စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ ရခိုင်ပါတီအချင်းချင်း ညှိနှိုင်း ခြင်းဖြင့် ပြိုင်ဆိုင်ကြရန် AASC အကြံပြု

ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသား စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ ရခိုင်ပါတီအချင်းချင်း ညှိနှိုင်း ခြင်းဖြင့် ပြိုင်ဆိုင်ကြရန် AASC အကြံပြု

မင်းထွန်း - လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို မပျက်ပြားစေရန် ရခိုင်အခြေပြု နိုင်ငံရေးပါတီများအနေဖြင့် ညှိနှိုင်းခြင်းဖြင့် ပြိုင်ဆိုင်ရန်လိုအပ်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ(AASC)မှ အကြံပြုသည်။

ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်အပေါ် AASC မှ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်းတွင် နိုင်ငံရေးပါတီ (သို့မဟုတ်) လူပုဂ္ဂိုလ်အရ အပြိုင်အဆိုင်ပြောဆိုကြသည့် အချိန်တွင် ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေး ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း AASC ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ကြီးက ပြောသည်။

“ရွေးကောက်ပွဲရဲ့သဘောသဘာဝအရ ပါတီချင်းအလိုက်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ အပြိုင်အဆိုင် ပြောကြဆို ကြတဲ့ ကိစ္စတွေရှိတယ်ပေါ့။ အဲလိုမျိုးပြောကြတဲ့အချိန်မှာ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကို ထိခိုက်လာမယ့် အကြောင်းတွေ မပေါ်လာရအောင်၊ တစ်နည်းအားဖြင့် ရခိုင်လူမျိုးရဲ့ သွေးစည်းညီညွတ်မှုပေါ့လေ၊ ဒီအနေအထား လေးတွေ ပျက်သွားမှာကိုစိုးရိမ်တယ်။ အဲတာကြောင့် ပါတီတွေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေကို အကြံပြုတဲ့ သဘောမျိုးထုတ်ပြန်တာပါ ”ဟု ၎င်းကဆိုသည်။

ရခိုင်နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒနယ်ခွဲခြား(ပိုင်းခြား)သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်များကို အားသာချက် အလိုက် ညှိနှိုင်းခြင်းနှင့် ကိုယ်စားလှယ်လောင်း ခွဲဝေမျှယူခြင်းကဲ့သို့သော ဖြစ်နိုင်ခြေများကို ပါတီအချင်းချင်း ညှိနှိုင်းခြင်းဖြင့် ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း AASC က အကြံပြုထားသည်။

ယင်းအပြင် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်အဆင့်ဆင့်၏ သဘောထားကြီးမြတ်မှု၊ အတ္တကိုယ်ကျိုးမငဲ့မှု၊ ရခိုင့်ရည်မှန်းချက်တွင် ခိုင်မာစွာရပ်တည်မှုတို့သည် ယခုကာလတွင် ရခိုင်တစ်မျိုးသားညီညွတ်မှု၏ အရေး ပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေငြာထားသည်။

လက်ရှိတွင် ပါတီအသီးသီးမှ ရွေးချယ်ခံမည့်သူများနှင့် တစ်သီးပုဂ္ဂလ ရွေးချယ်ခံမည့်သူများမှာ ရွေးကောက်ပွဲ ကော်မရှင်၌ ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တင်သွင်းလျက် ရှိနေပြီဖြစ်သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...