ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြို တိုင်းရင်းသားများကို ဖမ်းဆီးထားမှု အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြို တိုင်းရင်းသားများကို ဖမ်းဆီးထားမှု အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို
by -
မဇ္ဈိမ
ခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်အုပ်စုမှ မြိုအမျိုးသား ရှစ်ဦး အပါအဝင် ဒေသခံ တိုင်းရင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မြိုနိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့တွင် မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် မြိုနိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မေလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထား ကြေညာချက်၌ ယင်းကဲ့သို့  တောင်းဆိုထားခြင်း ဖြစ်သည်။

မြိုအမျိုးသား ဒီမိုကရေစီပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးယက်သက်အောင်က “ကျွန်တော်တို့ သဘောထားက အမှန်တရားကို လိုချင်ပါတာပါ။ ဟိုဘက်တပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ တကယ်တော့ သူတို့က ရွာသားတွေဆိုတာ စစ်မှန်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဒေသခံ ၂၀ ဦးခန့်ကို ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး မေလဆန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို ရုံးတင်စစ်ဆေးမည်ဟုလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္စျိမကို ပြောကြား ထားသေးသည်။

ကြေညာချက်ကို မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို အမျိုးသား ဒီမိုကရေစီ ပါတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စပါးဆိပ်ကျေးရွာ ဥက္ကဋ္ဌ ဦးဇံဦးက “ရွာသားတွေပါ။ တကယ်တော့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်် မရှိပါဘူး။ အဆက်အသွယ် ရှိတယ်ဆိုပြီး လာဖမ်းသွားတာ။ စစ်တပ်က လာဖမ်းတာတော့ မဟုတ်ပါဘူး။ ဒုရဲအုပ် တစ်ဦးက လာဖမ်းသွားတာပါ။ အခု ပုဒ်မ ၈၇၁ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်” ဟု ပြောသည်။ ၎င်းတို့ကို မေလဆန်းပိုင်းက ဖမ်းဆီးခဲ့သည်ဟုလည်း ဦးဇံဦးက အတည်ပြုသည်။

ယင်း ကြေညာချက်တွင် မြို၊ ခမီ မျိုးနွယ်စုများသည် ရခိုင်ပြည်နယ်၌် ရှေးယခင်ကပင် နေထိုင်လာကြသည့် ယဉ်ကျေးမှုနှင့် ဘာသာစကားတူ ဌာနေ တိုင်းရင်းသားများဖြစ်ပြီး မျိုးနွယ်စုများအား ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင်များအဖြစ် မှားယွင်းဖော်ပြခြင်းများကို အလေးအနက် ကန့်ကွက်သည်ဟုလည်း ဖော်ပြထားသည်။

ယင်းအပြင် မြို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၏ လုံခြံုရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားများအပါအဝင် အခြားဌာနေ တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် ဆက်လက်၍ အပြုသဘော လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...