ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးရန် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေး

ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးရန် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေး

မြတ်ဆွေ - ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိသည့် မြို့နယ်များတွင် မိုင်းအန္တရာယ် အသိပညာပေးမှုများ လုပ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ တာဝန်ရှိသူထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် မိုင်းအန္တရာယ်အသိပညာပေးမှုများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ရာ ပြည်နယ်အစိုးရမှ သဘောတူညီခဲ့သည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်စဉ်များနှင့်ဆက်စပ်ကာ မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများအပြင် မသန်စွမ်းဖြစ်သွားသူများ များပြားလာနေသဖြင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ဆောင်ရန် စီစဉ်နေကြောင်း ဦးမြတ်သူဝင်းက ဆိုသည်။

“သဘာဝရဲ့ အန္တရာယ်ကြောင့်မဟုတ်ဘဲ လူတွေဖန်တီးမှုကြောင့် လူသားတွေ ဒုက္ခရောက်သွားတယ်ဆိုတာ ကျွန်တော်တို့အမြင်မှာတော့ တော်တော်လေး စိတ်မကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့ မိုင်းအန္တရာယ် အသိပညာပေးခြင်းများ အများကြီးလုပ်ရအုံးမှာပါ” ဟု ဦးမြတ်သူဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် မြို့နယ်(၉)ခုတွင် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး ဒေသခံများမှ စိုးရိမ်မှုများရှိနေကြသည်။

“ရခိုင်ပြည်နယ်မှာတော့ မြို့နယ်ကိုးခုပေါ့နော်။ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ၊ စိတ်ပူပန်မှုရှိနေကြ တာကိုသိရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေလို့ဖြစ်လာပြီးမှတော့ ဘယ်သူမှ ထိခိုက်အန္တရာယ် မကျရောက်စေချင်ပါဘူး။ လူသားချင်း စာနာထောက်ထားတဲ့အားဖြင့် လူမှန်ရင် ကျွန်တော်တို့ကူညီရမယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မိုင်းအန္တရာယ်ရှိသည့်မြို့နယ်များတွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မိုင်းအန္တရာယ်ကာကွယ်ရန်အတွက် လိုအပ်သည့်အသိပညာ၊ ဗဟုသုတ၊ လိုက်နာရမည့်အချက်များနှင့် ပတ်သက်ပြီး ဒေသခံများကို သင်တန်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း စတင်မည့်ကာလကို မသိရှိရသေးပေ။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ စစ်တွေမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မြို့ပေါ်စစ်ဘေးရှောင်စခန်းရှိ မသန်စွမ်းသူများအတွက် အခြေခံစားသောက်ကုန်နှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများကိုလည်း  လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုများရှိသည့်မြို့နယ်များတွင် မြေမြုပ်မိုင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လျက် ရှိနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...