ကျောက်ဖြူလေဆိပ်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တည်ဆောက်ပေးရန် လွှတ်တော်တွင်တင်ပြ

ကျောက်ဖြူလေဆိပ်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တည်ဆောက်ပေးရန် လွှတ်တော်တွင်တင်ပြ

အောင်ထိန် - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလေဆိပ်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တည်ဆောက်ပေးရန် (သို့မဟုတ်) ပြန်လည်မွမ်းမံပေးရေးအဆိုကို ဇူလိုင်လ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်သွင်းခဲ့သည်။

ကျောက်ဖြူလေဆိပ်အား ဒေသအတွင်း ခရီးသွားလုပ်ငန်း တိုးတက်စေရန်၊ ရေထွက်ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပသို့ အချိန်နှင့်တပြေးညီ တင်ပို့ရောင်းချနိုင်ရန်နှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန်အတွက် တင်ပြခြင်းဖြစ်ကြောင်း အဆိုရှင်ကပြောသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူလေဆိပ်သည် လေဆိပ်အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ ခရီးသွားပြည်သူများ ကိုလည်း ကောင်းမွန်သောဝန်ဆောင်မှု မပေးနိုင်ကြောင်း၊ ဟောင်းနွမ်းသည့် လေဆိပ်အဆောက်အအုံနှင့် သန့်ရှင်းမှုအားနည်းသည့် သန့်စင်ခန်းတို့ကြောင့် ခရီးသည်များနားနေရန် အခက်အခဲရှိနေသည်ဟု ဒေါ်ထုမေက ဆိုသည်။

“အမျိုးသမီးသန့်စင်ခန်းတွေဆိုရင် တံခါးတောင် ကောင်းကောင်းပိတ်လို့မရဘူး။ သန့်စင်ဖို့အတွက် အရမ်းကို ခက်ခဲတဲ့အခြေအနေတွေကို ကျွန်မကိုယ်တိုင် ကြုံခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေဆိုရင် သိပ်ကိုခက်ခဲတယ်” ဟု ဒေါ်ထုမေက ပြောသည်။

ကျောက်ဖြူလေဆိပ် ဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းရန်ပုံငွေကျပ်သန်း ၅၀၀ လျာထားတောင်းခံထားပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။

အဆိုပါ ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက လက်ရှိလေယာဉ်ပြေးလမ်း ပေ ၇၅၀၀၊ ပေ ၁၀၀ ကို ပျက်စီးမှုများဖြစ်ပေါ် နေသည့် ပြေးလမ်းအပိုင်းလိုက် ရန်ပုံငွေကျပ်သန်း ၄၀၀ ကုန်ကျခံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် လေဆိပ်အဆောက်အအုံအား ပြင်ဆင်မွမ်းမံကာ တောင်ဘက်သို့ ပေ(၄၀) × ပေ(၂၀) တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း (၁၀၀)အား တောင်းခံ ထားကြောင်း သိရသည်။

ထိုခွင့်ပြုတောင်းခံငွေရလျှင်လည်း လေဆိပ်အဆောက်အဦးတွင် ATR- 72 လေယာဉ်နှစ်စီးစာ ခရီးသည်များကို တစ်ပြိုင်နက်တည်း လုံလောက်စွာဝင်/ထွက်အသုံးပြုနိုင်ရန် လက်ရှိအဆောက်အဦးကိုလည်း ပေ (၂၀)တိုးချဲ့ပြီးအထွက်ခရီးသည် နားနေဆောင်ကိုပါ ကျယ်အောင် ပိုမိုတိုးချဲ့သွားမည်ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။

“လက်ရှိအဆောက်အဦ ပြင်ဆင်ခြင်းတွေနဲ့အတူ သန့်စင်ခန်းတွေကိုလည်း တည်ဆောက်သွားမှာဖြစ်တယ်။ ခရီးဆောင်အိတ်တွေကို စနစ်တကျ သယ်နိုင်ရေးအတွက်လည်း ထည့်သွင်းဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

ကျောက်ဖြူလေဆိပ်ကို ဒုတိယကမ္ဘာစစ်အတွင်းက အလျား (၂၅၀၀) ပေအရှည် သံပြားပေါက်ခင်း လေယာဉ်လမ်းအဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် အလျားပေ (၄၆၂၀) ပေနှင့် အကျယ် (၁၀၀)ပေရှိ ကျောက်ကတ္တရာခင်း လေယာဉ်ပြေးလမ်းအဖြစ် ပြုပြင်တည်ဆောက်ခဲ့ကာ ဒါကိုတာ လေယာဉ်များ ဆင်းသက်ခဲ့ပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းတွင်း Fokker F -27 လေယာဉ်များ ပြေးဆွဲခဲ့သည်။

လက်ရှိ ကျောက်ဖြူလေဆိပ်ရှိ အဆောက်အဦတွင် တစ်နာရီလျှင် ခရီးသည် ၁၀၀ ဦး အဝင်/အထွက်ရှိကြောင်း သိရသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...