မင်းပြားဒေသခံတစ်ဦး ကျည်ထိမှန်

မင်းပြားဒေသခံတစ်ဦး ကျည်ထိမှန်

အောင်ထိန် - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စရိုင်းချောင်း၊ ထောင့်ချေကျေးရွာသားတစ်ဦး ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသွားကြောင်း ကာယကံရှင်ထံမှ သိရသည်။

ထောင့်ချေကျေးရွာသားနှစ်ဦးမှာ ကျေးရွာ၏အရှေ့ဘက် ကျောင်းတောင် တောင်တန်းအနီးလွှတ်ထားသည့် နွားများကို ပြန်သိမ်းရန်သွားစဉ် ယင်းတောင်တန်းပေါ်တွင် (ယာယီ)တပ်စွဲနေထိုင်သည့် တပ်မတော်သားများက ပစ်ခတ်သဖြင့် ကျည်ထိမှန်သွားခြင်းဟု ဒဏ်ရာရရှိခဲ့သူ ကာယကံရှင် ဦးထွန်းဝင်းက DMG သို့ ပြောသည်။

“ကျည်ထိတာနဲ့ ကျနော်လဲကျသွားတယ်။ ကျနော်ကို လူတစ်ယောက်က တွန်းလဲပစ်သလို ခံစားမိလိုက်တယ်” ဟု ဦးထွန်းဝင်းက ပြောသည်။

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးထွန်းဝင်းမှာ ညာဘက်ပေါင်ရင်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိသွားပြီး မင်းပြားဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

သို့သော်ကျည်ဆံမှာ ပေါင်ထဲတွင်ရှိနေပြီး ခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် မင်းပြားဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပြောင်းရွှေ့ကုသလျှက်ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က အဆိုပါဖြစ်စဉ်အား ဒေသခံများ၏ သတင်းပေးကြားချက်အရ ကြားသိရကြောင်း ဆိုသည်။

ကျည်ထိမှန်ခဲ့သူမှာ ထောင့်ချေကျေးရွာဇာတိဖြစ်ပြီး အနီးအနားရှိ ဖားပြိုကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းက တိုက်ပွဲကြောင့် ဖားပြိုကျေးရွာတွင် နေအိမ်များ

မီးလောင်သွားသည့်အတွက် ထောင့်ချေကျေးရွာသို့ ထွက်ပြေးရောက်ရှိလာပြီး လယ်လုပ်ငန်းလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ပစ်ခတ်မှုများရှိသည့်အတွက် ဒေသခံကျေးရွာသားများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြသည်။

ယင်းသို့ တပ်မတော်က ပစ်ခတ်သည်ဆိုသော ကာယကံရှင်ပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယခုကဲ့သို့ ဒေသခံများ ကျည်ထိမှန်ဒဏ်ရာရရှိမှုများသည် အရပ်သားများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေကြောင်း မင်းပြားဒေသခံ ကိုအမ်းသားကြီးက ထောက်ပြပြောဆိုသည်။

အလားတူ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း အမ်းမြို့နယ်၊ ကဇူးကိုင်အုပ်စု၊ သဲကမ်းထောင့်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...