ချင်းလူမျိုးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသ၍ ချင်းပြည်အတွင်းရှိ သဘာဝ သဃံဇာတ ထုတ်ယူခွင့် မပြုလုပ်ရန်တောင်းဆို

ချင်းလူမျိုးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသ၍ ချင်းပြည်အတွင်းရှိ သဘာဝ သဃံဇာတ ထုတ်ယူခွင့် မပြုလုပ်ရန်တောင်းဆို
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဖေါ်ဆောင်ပြီး ချင်းလူမျိုးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိသ၍ ချင်းပြည်အတွင်းရှိ သဘာဝ သဃံဇာတ ထုတ်ယူခွင့် မပြုလုပ်ရန် “ချင်းတောင်ဒေသ သဘာဝ သဃံဇာတ စောင့်ကြည့်ရေးအဖွဲ့” က တောင်းဆိုလိုက်ပါသည်။

“ကျတော်တို့လိုချင်တာကတော့ သဃံဇာတဆိုင်ရာ၊ စီမံမှု၊ အခွန်ဘဏ္ဍကအစ ပွင့်လင်းမြင်သာမှုရှိဖို့ကို စောင့် ကြည့်ပေးနိုင်ဖို့ ၊ သိန်းသန်းရှိနေတဲ့ လူမျိုးနွယ်စုတွေရဲ့ အမွေအနှစ်၊ ခံစားပိုင်ခွင့်တွေ ရရှိနိုင်ရန် နဲ့ အဲဒီဒေသခံတွေကို အခြေခံပြီး သက်ဆိုင်ရာ ကနေ ဆုံးဖြတ်ချက်ချတဲ့အခါ ပြီးပြည့်စုံဖြစ်နိုင်ဖို့ လုပ်ဆောင်နေ ပါတယ်” ဟု ချင်းတောင်ဒေသ သဘာဝ သဃံဇာတ စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်း ခိုင်ဇပေါင်က ဆိုပါသည်။

လက်ရှိ ကန်ပက်လက်မြို့နယ်၊ လဲပုံအုပ်စုရှိ ရင်ကွဲတောင်တွင် ကျော်စွာကုမ္ပဏီက ဒြပ်သတ္တုတူးဖေါ်ရေး လုပ် ငန်းဆောင်ရွက်ခြင်းသည် ၄င်းဒေသရှိ ကျေးရွာလူထုများကို အသေးစိတ်ရှင်းလင်းတင်ပြပေးခြင်းမရှိသည့် အတွက် ရွာသားများ ဆိုးကျိုးခံစားမည့် အခြေအနေတွင်ရှိနေကြောင်း သိရပါသည်။

သတ္တုတူးဖေါ်ပြီး ဒြပ်စင်သည့်အခါ အက်စစ်တစ်မျိုးကို အသုံးပြုသည့်အတွက် နွား (၂၀) ကောင်သေဆုံးပြီး အုန်းသီးထွက်နှုန်း အဆမတန်ကျဆင်းလာကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ဆလိုင်း ခိုင်ဇပေါင်က ထောက်ပြပါသည်။

ကျော်စွာ ကုမ္ပဏီက တူးဖေါ်နေသည့် ရင်ကွဲတောင် ဒြပ်သတ္တု စမ်းသပ်တူဖေါ်မှုကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရက ခွင့်မပြုရန် ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄-၂၅) ရက်နေ့များတွင် စာပေးပို့ခြင်းနှင့် သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ရင်ကွဲတောင်ရဲ့ သဘာဝ သဃံဇာတ တူးဖေါ်ရေးကို ကျော်စွာ ကုမ္ပဏီ မပေးသင့်ကြောင်း၊ ချင်းလူမျိုးအတွက် အနာဂတ်ကို များစွာ အထောက်အကူပေးနိုင်တဲ့ အဲဒီသတ္တုတိုက်ဟာ လက်တစ်စုတ်စာ ခရိုနီလက်ထဲ မရောက်ရှိဖို့ ကျတော်တို့ ပြည်နယ်အစိုးရကို တင်ပြခဲ့တာဖြစ်တယ်” လို့ ချင်းတောင်ဒေသ သဘာဝ သဃံဇာတ စောင့်ကြည့်ရေးအဖွဲ့ ၊ အဖွဲ့ဝင် ဆလိုင်း မင်းညှိ ကပြောဆိုခဲ့ပါသည်။

ကျော်စွာကုမ္ပဏီအနေဖြင့် ဒေသခံ ပြည်သူများကို အသိပေးခြင်း၊ သဘောထားရယူခြင်း မရှိဘဲ စမ်းသပ် တူးဖေါ်ခြင်းရှိမရှိ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သေချာဆန်းစစ်သင့်ကြောင်း ပြည်နယ်အစိုးရထံ အကြံပြုထားပါသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...