တပ်မတော်မှဖမ်းဆီးခဲ့သည့် အမျိုးသမီး ၃ ဦးကို ကျောက်ဖြူရဲစခန်းတွင် ထိန်းသိမ်းထား

တပ်မတော်မှဖမ်းဆီးခဲ့သည့် အမျိုးသမီး ၃ ဦးကို ကျောက်ဖြူရဲစခန်းတွင် ထိန်းသိမ်းထား

နှင်းနွယ် - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာမှ တပ်မတော်သားများ ဖမ်းဆီးသွားသည့် အမျိုးသမီး ၃ ဦးကို ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရေနံဒွိန်ကျေးရွာမှ အမျိုးသမီးများဖြစ်ကြသည့် ဈေးဆိုင်သည် ဒေါ်ဗြားမ၊ ဒေါ်လှသန်းခင်၊ ဇာတ်မင်းသမီးတစ်ဦးတို့နှင့်အတူ ကျေးရွာတာဝန်ခံ ဦးမောင်ထောင်တို့အား အေအေကို ရိက္ခာ ထောက်ပံ့ပေးသည်ဆိုသည့် သံသယဖြင့် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

ယင်းသို့ဖမ်းဆီးထားသူများထဲမှ ကျေးရွာတာဝန်ခံ ဦးမောင်ထောင်အား ကျောက်ဖြူမြို့မရဲစခန်းတွင် တစ်ရက်ခန့် စစ်ဆေးမေးမြန်းပြီးနောက် ယနေ့တွင်ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်အမျိုးသမီးများကို ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ကျေးရွာတာဝန်ခံကတော့ ဒီနေ့မနက်က ပြန်လွတ်လာတယ်။ သူ့ကို မေးမြန်းစရာရှိတာတွေ မေးမြန်းပြီးတော့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။ ကျန်တဲ့ အမျိုးသမီးသုံးယောက်ကတော့ ပြန်မလွတ်လာသေးဘူး။ သူတို့ သုံးယောက်ကို ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး ”ဟု ၎င်းကဆိုသည်။

၎င်းတို့သုံးဦးမှာ မိမိနေအိမ်တွင်ရှိနေစဉ် မေးမြန်းစရာရှိသည်ဟုဆိုကာ တပ်မတော်သားများက ခေါ်ယူသွားခြင်း ဖြစ်ပြီး နှစ်ဦးမှာ လယ်ယာ၊ ဈေးရောင်းအလုပ်ကိုလုပ်ကိုင်နေသူများဖြစ်သည်။ နောက်တစ်ဦးမှာ ကျေးရွာ ဘုရားပွဲအတွက် ဇာတ်ကရန်ရောက်ရှိလာစဉ် ကိုဗစ်ရောဂါကြောင့် ဇာတ်မကရသည့်အတွက် ကျေးရွာအတွင်း နေထိုင်နေသူဖြစ်ကြောင်း ဦးခင်မောင်သန်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “အဲဒီကျေးရွာက လူလေးယောက်ကို တပ်မတော်က ဖမ်းသွားတယ်ဆိုတာကိုတော့ ကြားသိရတယ်။ ပြီးတော့ အမျိုးသမီးသုံးယောက်ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရတယ်။ သူတို့တွေကို အမှုဖွင့်၊ မဖွင့်ကိုတော့ ကျွန်တော့်အနေနဲ့ အသေးစိတ် မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးသုံးဦးကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရရန် ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောအား DMG ကဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင် “ အလုပ်လုပ်နေလို့ မအားသေးဘူး ” ဟုသာ တုန့်ပြန်သဖြင့် အသေး စိတ်ကို မသိရသေးပေ။

ထို့ပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG ကဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယင်းအမျိုးသမီးသုံးဦးအား ကျောက်ဖြူမြို့မရဲစခန်းတွ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် တပ်မတော်ကတရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း Myanmar Now သတင်းဌာနတွင် ဇူလိုင် ၂၄ ရက်နေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အမျိုးသမီးတစ်ဦးကိုလည်း AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုသည့် သံသယဖြင့် ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီး ဒေသခံများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...