KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ ကျောင်းသားကလေးနှစ်ယောက်လုံး KIA ထံတွင် သေဆုံးသွားပြီဟု မိဘများပြောကြား

KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ ကျောင်းသားကလေးနှစ်ယောက်လုံး KIA ထံတွင် သေဆုံးသွားပြီဟု မိဘများပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းအုပ်စု ပါဟုတ်ကြီးကျေးရွာမှ မောင်သန့်ဇင်အောင်နှင့် မောင်ဇော်မျိုးဦး တို့အား ဇူလှိုင်လ ၆ ရက်နေ့ ၁၁ နာရီအချိန်ခန့်က KIA တပ်ရင်း ၂၆ မြို့နယ်မှူး ခေါင်လွန်းဦးဆောင်သော အင်အား ၂၀ ခန့်ရှိ KIA တပ်ဖွဲ့ဝင်များက လက်နက်များဖြင့် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားရာ သေဆုံးသွားပြီဟု ဇူလိုင် ၂၂ ရက်နေ့ကက ရပ်မိရပ်ဖများကို ခေါ်ယူ အကြောင်းကြားလာကြောင်း မောင်သန့်ဇင်အောင်၏ ဖခင်ဖြစ်သူ ဦးအိုက်ဆန်းက ရှမ်းနီအသံဂျာနယ်သို့ အတည်ပြုပြောကြားသည်။

“ မနေ့က ရပ်မိရပ်ဖတွေကိုခေါ်လို့ ရပ်မိရပ်ဖတွေသွားတဲ့အခါ သူတို့က အတိအကျပြောခဲ့တာဗျ။ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းကိုလေ။” ဟု ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ကလေးမိဘများနှင့် တွေ့ချင်ကြောင်းနှင့် မိဘများကျေနပ်အောင် ဆောင်ရွက်ပေးမည်ဟု KIA တာဝန်ရှိသူမှ အမာစကားပါးခဲ့ကြောင်းလည်း ဦးအိုက်ဆန်းကပြောကြားသည်။

“ ကျွန်တော်တို့ ဆန္ဒအရကတော့ ကျွန်တော့်သားရဲ့ အလောင်းကိုတွေ့ချင်သေးတယ်ဗျ ကျွန်တော်တို့က ။ အဲ့ဒါကို တောင်းဆိုသွားမယ်ဗျ။” ဟု ၎င်းက ပြောကြားသည်။ထို့ပြင် နောက်နှောင် ယခုကဲ့သို့ လူမဆန်သော နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်မှုမျိုး ထပ်မံမကျူးလွန်စေချင်ကြောင်းလည်း ၎င်းကပြောကြားသည်။

မောင်သန့်ဇင်အောင်မှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ၂၀၁၈ /၂၀၁၉ ပညာသင်နှစ် မုံရွာမြို့ မုံရွေးကြေးမုံတွင် ဆယ်တန်းအောင်မြင်ထားပြီး တက္ကသိုလ်မတက်ရသေးကြောင်း မောင်ဇော်မျိုးဦးမှာ ၁၇ နှစ်ခန့်သာ ရှိသေးပြီး ယခုမှ ၉ တန်းသို့ တက်ရောက်ပညာသင်ကြားရန် အပြင်ထွက်၍ အလုပ်လုပ်နေသူ ဖြစ်ကြောင်းလည်း သိရှိရသည်။

“ ကျွန်တော့်သားက ရန်ကုန် အမေရိကန်သံရုံးမှာ အင်္ဂလိပ်စကားပြော သင်တန်းပထမအသုတ်ပြီးလို့ အိမ်ပြန်လာပြီး နောက်အသုတ် သွားတက်မယ်ဆိုပြီး ၆ ရက်နေ့မှာ စက်လှေစောင့်နေတာ ။ စက်လှေက ၇ ရက်နေ့မှ ရောက်လာတာ။ အဲ့ဒီညမှာ ဖြစ်တာ။”ဟု လည်းပြောကြားသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ KIA မှ တာဝန်ရှိသူများနှင့် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိချေ။

KIA အပါအဝင် PCG မှ ပုဂ္ဂိုလ်များနှင့် နီးစပ်သော ဆရာတော် တစ်ပါးအား ဦးလမိုင်ခွန်ဂျာပေးပို့ထားသော သတင်းအဖြစ် ယူသုံးခွင့်ပြုသည့် အသံဖိုင်အရ KIA အဖွဲ့၏ လက်တွင်သေဆုံးသွားခြင်းကို အတည်ပြုခဲ့ပြီး မိဘများကျေနပ်အောင် ဖြေရှင်းပေးရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

 မောင်သန့်ဇင်အောင်နှင့် မောင်ဇော်မျိုးဦးတို့ ဖမ်းဆီးခံရသောရက် ည ၇ နာရီခွဲ အချိန်ခန့်တွင်လည်း အဆိုပါ ဆယ်ဇင်းကျေးရွာ ချိုရီတာ KTV နှင့် စားသောက်ဆိုင်တွင် မောင်သန့်ဇင်အောင်တို့အား ဖမ်းဆီးသွားသော KIA မြို့နယ်မှူး ခေါင်လွန်း နှင့် အဖွဲ့သည် ရှမ်းနီရပ်မိရပ်ဖအချို့အား လက်နက်ဖြင့် ရိုက်နှက်မှုပြုလုပ်ခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဝင်းနိုင်မှာ အဆိုပါ ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ၇ ချက်ခန့် ချုပ်ခဲ့ရသေးသည်။

ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...