ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စည်ပင်ဝန်ကြီးနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စည်ပင်ဝန်ကြီးနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေတို့သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန်လိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဦးညီပုသည် ဂွမြို့မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး စည်ပင်ဝန်ကြီးဦးဝင်းမြင့်သည် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၌ (NLD)ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် (၇)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မဲဆန္ဒနယ်အမှတ်(၅)၊ (၆)၊ (၈)၊ (၉)၊ (၁၀) စသည့် နေရာ(၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန် ထားသည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် (၁၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန် ထားသည်။

အလားတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂၉)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ကျောက်တော်နှင့် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ မြောက်ဦးမြို့ မဲဆန္ဒနယ်အမှတ်(၂)နှင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...