ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆန္ဒရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆန္ဒရှိ

ခိုင်ရိုးလ၊ အောင်ထိန် — အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန်ကြန့်ကြာနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုအောက်တွင် ပြန်လည်ကျင်းပနိုင်ပါက FPNCC ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ လုံခြုံရေးအာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒ ရှိကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့က ထုတ်ပြန်သည်။

တအောန်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်)(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၊ ၂၁ ရာစုပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် ကျင်းပရန်နှင့် ပြည်သူလူထု၏ဆန္ဒနှင့် ရွေးချယ်တင်မြှောက်သော အမတ်များ၊ ပြည်သူ့ဆန္ဒကို အကောင် အထည်ဖော်ဆောင်ပေးနိုင်သော အစိုးရသစ်ပေါ်ပေါက်ရန်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်း ထားသည်။

လက်ရှိတွင် ယင်းသုံးဖွဲ့တို့မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များလည်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။

သို့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် မြောက်ပိုင်းအဖွဲ့များကို ဖိတ်ကြားရန် အခက်အခဲရှိနေကြောင်း ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်နေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပါအဝင်၊ (TNLA)၊ (MNDAA)နှင့် (AA)တို့ကို ဖိတ်ကြားရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေကြောင်း ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ ညှိနှိုင်းနေတယ်။ စီစဉ်နေတယ်။ ထွက်လာတဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အချိန်မီ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ညီလာခံတက်မည့် အဖွဲ့များအတွက် လေကြောင်းလမ်းများ စီစဉ်နေကြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တက်ရောက်မည်ဆိုလျှင်လည်း ခရီးသွားလာရေးလက်မှတ်အတွက်ပါ စီစဉ်နေကြောင်း ၎င်းကဆက်၍ ဆိုသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှစ်ဦးသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး NCA လက်မှတ်မထိုးရသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များမှလည်း ခေါင်းဆောင်နှစ်ဦးသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်သည်။

ယခင်က ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံ၌ လူဦးရေတစ်ထောင်ခန့် တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ၂၁ ရာစုပင်လုံတွင် လူဦးရေသုံးရာခန့်သာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ - ဒုတိအကြိမ်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံသို့ တက်ရောက်ခဲ့ကြသူများအား တွေ့ရစဉ်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...