ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုလုံးဝမတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးရှိ

ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုလုံးဝမတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးရှိ

မင်းထွန်း — ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၅ နှစ်တာကာလအတွင်း အဆို လုံးဝမတင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော်၏ စာရင်းအရသိရသည်။

၎င်းကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များဖြစ်ကြသည့် ဦးသိန်းမောင်၊ ဦးဘိုးနွဲ့၊ ဦးဝင်းနိုင်၊ ဦးမင်းအောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမောင်မောင်အုန်း တို့ဖြစ်ကာ ရခိုင်အမျိုးသားပါတီ(ANP)မှ ဦးသာထွန်းအောင်၊ ဦးမောင်လှကျော်၊ ဦးလှအောင်ညွန့်တို့ ဖြစ်သည်။

အလားတူ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သူ ဦးတင်မောင်ဝင်း(ရခိုင့်ဦးဆောင်ပါတီ)လည်း ပါဝင်သည်။

သို့သော် အဆို(၁၁)ခုထိ အများဆုံးတင်သွင်းခဲ့သူမှာ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်(USDP)ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်စာရင်းမှ သိရသည်။

ထို့အပြင် မေးခွန်းစုစုပေါင်း ၁၈၃ ခုထိ အများဆုံးမေးမြန်းခဲ့သောကိုယ်စားလှယ်မှာ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်း(ဒု-ဥက္ကဋ္ဌ)ဖြစ်ပြီး မေးခွန်းအနည်းဆုံးအဖြစ် (၄)ခုသာ မေးမြန်းခဲ့ကြသည့် ကိုယ်စားလှယ်များမှာမူ ရသေ့တောင်မြို့နယ်မှ ဦးဦးသန်းနိုင်(ANP)နှင့် ဦးတင်မောင်ဝင်း(AFP)တို့ ဖြစ်ကြသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့သူ အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းသည် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၅)ကြိမ်မြောက် ပုံမှန်စည်းအဝေးကနေ လက်ရှိအချိန်ထိခွင့်တိုင်ကြားမှု အများဆုံးဖြစ်သည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးရှိပြီး ယင်းအထဲတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးနှင့် ရွေးကောက်ခံနိုင်ငံရေးပါတီအသီးသီးမှ တက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးရှိသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...