ရခိုင်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အင်တာနက်ဖွင့်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာတို့တွေ့ဆုံသွားမည်

ရခိုင်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အင်တာနက်ဖွင့်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာတို့တွေ့ဆုံသွားမည်

မင်းထွန်း — ရခိုင်ပြည်နယ်၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အင်တာနက်ပြန်ဖွင့်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ရာ၌ UEC ဥက္ကဋ္ဌ ဦးလှသိန်းကပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်အဖွဲ့မှ ကိုမင်းဘာချေကဆိုသည်။

“အင်တာနက်ကိစ္စနဲ့ပတ်သတ်ပြီးတော့ ရခိုင်ပြည်နယ်မှာ လက်ရှိကိုဗစ်ကာလမှာ အင်တာနက်ဖွင့်ပေးတာ မရှိဘူး။ ပြီးတော့ အခုဆိုရင် ရွေးကောက်ပွဲလာတော့မယ်ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အင်တာနက် ဖွင့်နိုင်ဖို့အတွက်ကို သက်ဆိုင်တဲ့သူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ထုတ်ပြန်သွားမယ်လို့ပြောခဲ့တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲအတွက် အသိပညာပေးလုပ်ငန်းစဉ်များကို လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေများတွင် မလုပ်ဆောင်နိုင်ကြောင်းနှင့် လုံခြုံရေးအရ ခွင့်ပြုထားသည့် နယ်မြေများတွင်သာ အသိပညာ ပေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ကြောင်းကို ကော်မရှင်က ပြောဆိုခဲ့ကြောင်းသိရသည်။

ထို့အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအနေဖြင့် မဲပေးနိုင်ရေး အတွက် UEC အနေဖြင့် ပြင်ဆင်ထားသည်ဟုပြောဆိုခဲ့ကြောင်း ကိုမင်းဘာချေကဆိုသည်။

“အဲဒီစစ်ဘေးရှောင်တွေ မဲပေးနိုင်ဖို့အတွက် လုပ်ဆောင်ထားတယ်လို့ ယေဘုယျအနေနဲ့ ပြောသွားတာ လောက်ပဲ၊ ကျွန်တော်တို့ဘက်က အားမရဘူး။ တိတိကျကျ ဘယ်လိုမျိုးလုပ်ထားတယ်ဆိုတာ သူတို့ မပြော ဆိုဘူး” ဟု ၎င်းကဆက်၍ပြောသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်သည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...