မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၅၀၀ နီးပါးရှိ၊ ၃ ဦးသေဆုံး

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၅၀၀ နီးပါးရှိ၊ ၃ ဦးသေဆုံး

မွန်ပြည်နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များနေပြီး ဇူလိုင် လ ဒုတိယအပတ်ထိ ရောဂါဖြစ်ပွားသူ ၅၀၀ နီးပါးရှိကာ သေဆုံးသူ ၃ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများ ဖြစ်ပြီး သေဆုံးသည့် ၃ ဦးမှာ ဆယ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၈ နှစ်အရွယ်ကလေး တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် တစ်ဦးတို့ ဖြစ်သည်။

ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေသည် ယမန်နှစ်ကာလနှင့် နှိုင်းယှဉ်လျှင်  ရောဂါကူးစက်ဖြစ်ပွား မှု နည်းသော်လည်း သေဆုံးမှုသည် ယမန်နှစ်ကထက် များနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

“ရောဂါဖြစ်ပွားမှုနှုန်းကတော့ အရင်နှစ်တွေလောက်မများသေးဘူး၊ သေဆုံးမှုကတော့ အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သေဆုံးသူ တစ်ဦး တိုးသွားပါတယ်” ဟု ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

မြို့နယ် ၁၀ မြို့နယ်တွင် ဇန်နဝါရီလမှ ဇူလိုင်လ ဒုတိယအပတ်ထိ သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားသူ ၄၉၀ ဦး  ကျော်ရှိပြီး မော်လမြိုင်မြို့ နှင့် ပေါင်မြို့ နယ်တို့သည် ရောဂါကူးစက်မှု အများဆုံးမြို့ နယ် ဖြစ်သည် ဟု ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အထူးသဖြင့် ဇွန်၊ ဇူလိုင်လတို့တွင် အဖြစ်များတတ် သည့် သဘောရှိကြောင်း ပြည်နယ်အတွင်း၌ ဇူလိုင်လတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု တဖြည်းဖြည်း များလာသည့်အနေအထားရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်နယ် ကျန်းမာ  ရေးဌာန အနေဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ မြို့ နယ်ကျန်းမာရေးဌာတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေး လုပ်ငန်းများနှင့် ပိုးလောက်လန်း သတ်ဆေးခပ်ခြင်း လုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ မြို့ နယ်များရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင် မှုသည် အရေးကြီးကြောင်း ပြည်သူလူထုပါဝင်မှုရှိမှသာ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ  အောင်မြင် နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြော သည်။

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...