NLD အစိုးရလက်ထက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူဦးရေ တစ်ထောင်ကျော်ရှိ

NLD အစိုးရလက်ထက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူဦးရေ တစ်ထောင်ကျော်ရှိ

ဝင်းညွန့်၊ မင်းထွန်း — NLD အစိုးလက်ထက် (၄)နှစ်ကျော် ကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း(၅၃၉)မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က ဇူလိုင်(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ တရားစွဲဆိုခံရသည့်အမှုများမှာ ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် အများဆုံးဖြစ်ပြီး ငြိမ်းစုစီ၊ နိုင်လွတ်လုံ၊ မတရားအသင်းများအက်၊ အကြမ်းဖက်တိုက်ဖျက်ရေး စသည့်ဥပဒေပုဒ်မတို့အပြင် ရာဇသတ်ကြီးပုဒ်မတို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။

ဒီမိုကရေစီလမ်းကြောင်းကိုသွားနေသည့် အစိုးရတစ်ရပ်အနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ယခု ကဲ့သို့ ဖိနှိပ်ကန့်သတ်နေခြင်းသည် အပြောနှင့်လက်တွေ့မညီခြင်းကို ပြသနေကြောင်း အသံအဖွဲ့သုတေ သီတစ်ဦးဖြစ်သူ မထက်ထက်ဇော်က ပြောသည်။

“သူတို့ပြောပြနေတဲ့ ဒီမိုကရေစီဆိုတာကရော ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာတာလဲ၊ ကိုယ်လိုသလို အဓိပ္ပါယ် ဖွင့်နေသလားဆိုတာ မေးခွန်းထုတ်စရာပါပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး အစိုးရ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က ဖိနှိပ်မှုများ လုပ်နေခြင်းဖြစ်ကြောင်း အသံအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် မပန်ဆုပြည့်အိမ်က ရှင်းပြသည်။

အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက အစိုးရအနေဖြင့် ဝေဖန်ပြောဆိုခြင်းများ၊ သတင်း ရေးသားခြင်းများနှင့်ပတ်သက်ပြီး တရားစွဲဆိုထားသည်တို့ကို အမြန်ဆုံးရုပ်သိမ်းသင့်ကြောင်းနှင့် ထောက်ဒဏ် ချမှတ်ခံထားရသူများကိုလည်း အမြန်ဆုံး ပြန်လည်လွှတ်ပေးသင့်ကြောင်း တိုက်တွန်းသည်။

“နောက်နောင်ဖြစ်ပေါ်လာဦးမယ့် ဝေဖန်မှုတွေကို အာဏာပိုင်တွေအနေနဲ့ စိတ်ရှည်သည်းခံပြီး သဘောထား ကြီးစွာ နားထောင်ပေးသင့်တယ်။ အထူးသဖြင့် သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအပေါ် မကျေလည်တာတွေရှိရင် သတင်းမီဒီယာကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်တဲ့နည်းလမ်းကိုပဲ ကျင့်သုံး သင့်တယ်” ဟု မောင်ဆောင်းခက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ ဒုတိယအမြင့်ဆုံးဖြစ်ကာ ပြည်နယ်များထဲတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်မှ သိရသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးသက်တမ်း (၄)နှစ်တာကာလအတွင်း၌ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့်ပတ်သတ်၍ တရားစွဲဆိုခံထားရသည့်အမှုများမှာ ပထမနှစ်တွင် (၈၉)မှု၊ ဒုတိယနှစ်တွင် (၁၁၀) မှု၊ တတိယနှစ်တွင် (၁၇၆)မှုနှင့် စတုတ္ထနှစ်တွင် ၁၆၄ မှု စုစုပေါင်း( ၅၃၉)မှုရှိခဲ့ကြောင်း အသံအဖွဲ့မှသိရသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...