စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓာတ်ဆီသွန် မီးရှို့ခံရ၍ ဆေးရုံတင်ထားရ

စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓာတ်ဆီသွန် မီးရှို့ခံရ၍ ဆေးရုံတင်ထားရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ စစ်တွေမြိုနယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှာ ဇူလိုင်လ ၁ဝ ရက်နေ့ည ၁ဝ နာရီခွဲခန့်က ဓာတ်ဆီသွန်၍ မီးရှို့ခံရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

၎င်းမှာ စစ်တွေမြို့နယ်၊ သင်္ကနက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲနိုင် (၃၆)နှစ်(ကမန်တိုင်းရင်းသား) ဖြစ်ကာ လုပ်ကြံရန် ကြိုးစားသူမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း၊ သူ့မှာ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းအုပ်ချုပ်ရေးမှူး ဦးရဲနိုင် ၏ အစ်ကိုဖြစ်သူ ဦးစိုးထွန်းဦးက “ အခုဆေးရုံမှာပါ။ ဆိုင်ကယ်က ဓာတ်ဆီနဲ့ မီးရှို့တာပါ။ ဘယ်သူလုပ်တာလည်း မသိရသေးဘူး။ သူလည်း အခုထိ သတိမရဘူးဆိုတော့ မပြောနိုင်သေးဘူး။ ရွာထဲလမ်းမမှာ ဖြစ်တာ။ အပြင်ကနေဆိုင်ကယ်နဲ့ပြန်လာတာမှာ ဖြစ်တာ။ အမှုလည်း မဖွင့်ရသေးဘူး။ ဘယ်လိုဖြစ်တာလည်း ဆိုတာမသိရသေးဘူး။ သူ့မှာရန်ငြိုးရန်စလည်းမရှိဘူး။” ဟုပြောသည်။

သူ့တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ရွာသားတစ်ဦးမှ တွေ့ရှိခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့နံနက် တွင် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ သိရသည်။

တူမတော်စပ်သူ မအေးမြစန္ဒာက “ ဘယ်လိုဖြစ်လဲဆိုတာမသိရဘူး။ သတင်းတွေက ရွာမှာ အမျိုးမျိုး ပြောနေကြတယ်။ ညကတည်းဖြစ်တာကို မိုးလင်းမှ ဆေးရုံတင်ပြီး အောက်ဆီဂျင်တွေ ပေးထားရတယ်လို့ ပြောတယ်။ သူ့တွက် တစ်ရွာလုံးစိတ်မကောင်းဖြစ်နေကြတယ်။ သူ့ကလူကောင်းဆိုတော့ ရွာမှာလည်း ရန်ငြိုးရန်စမရှိဘူး”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးအောင်နိုင်ဝင်းနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးတို့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မှ အတည်ပြုချက်တစ်စုံတစ်ရာ သိရှိရခြင်းမရှိသေးပါ။

အဆိုပါ သင်္ကနက်ကျေးရွာတွင် အိမ်ခြေ ၄ဝဝ ကျော်နှင့် လူဦးရေ ၁၄ဝဝကျော်ရှိကာ ကမန်တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်သည့်ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...