မောင်တောတွင် တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး

မောင်တောတွင် တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဗောဓိကုန်းကျေးရွာမှ ရွာသားတစ်ဦးမှာ ယာခင်းသို့သွားစဉ် တောဆင်ရိုင်းနင်း၍ သေဆုံးသွားခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်အချိန်က ဦးကျော်မြ ၅၇ နှစ်မှာ ယာခင်းသို့သွားစဉ် ယင်းသို့ တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗောဓိကုန်းကျေးရွာလူကြီး ဦးလှမောင်ဦးက ဆိုသည်။

“ယာခင်းသွားတဲ့လမ်းမှာ ဆင်ကပုန်းနေတာကို လူကမမြင်ဘူး။ ဒီဆင်က လူသတ်တာများပြီ။ ဟိုတစ်ခါ ကံသာယာအထက်ရွာကတစ်ဦးကို သတ်ထားတဲ့ ဆင်အုပ်စုကွဲနေတယ်။ တစ်ကောင်တည်း။ ခြေတစ်ဖက် အငယ်ဖြစ်တယ်။ အခုရက်ပိုင်း ဆင်အုပ်စုတွေ လာရောက်ဖျက်ဆီးလို့ ယာခင်းတွေ အတော်ပျက်စီးနေကြ ရတယ်”လို့ ဦးလှမောင်ဦးက ပြောသည်။

ယခု ဆင်းနင်း၍ သေဆုံးသွားသူ ဦးကျော်မြမှာ သားသမီး ၆ ဦး ကျန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မောင်တောမြို့၊ ကံသာယာကျေးရွာမှ တောင်သူတစ်ဦး တောဆင်ရိုင်းနင်း၍ သေဆုံးသွားခဲ့သည်။

“ဒီလိုတောဆင်ရိုင်းတွေက အမြဲလိုလို ရွာတွေမှာစိုက်ထားတဲ့ စိုက်ခင်းတွေက သီးနှံတွေကိုစားတယ်၊ ဖျက်ဆီး တယ်၊ သက်ဆိုင်ရာ သစ်တောအာဏာပိုင်အဖွဲ့အစည်းတွေက တောဆင်ရိုင်းအန္တရာယ်ကို မကာကွယ်ပေးနိုင် ကြဘူး။ အခုကျေးရွာသားတွေထိတ်လန့်ပြီး ညအချိန် အလေးအပေါ့သွားဖို့ အိမ်အောက်ဆင်းဖို့တောင် စိုးရိမ်နေ ကြရပါတယ်” ဟု ကံသာယာအထက်ကျေးရွာမှ ကိုကျော်လှက ပြောသည်။

မောင်တောမြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးမြင့်ဇော်က “ကျွန်တော်တို့ သစ်တောဦးစီးဌာနကတော့ တောဆင်ရိုင်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ လုပ်နေပါတယ်” ဟု ဆိုသည်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်များနောက်ပိုင်း မောင်တောမြို့နယ်အတွင်း လူအများအပြားနေရပ်စွန့်ခွာ သွားကြရာ တောရိုင်းတိရိစ္ဆာန်များကိုလည်း ယင်းနောက်တွင် ပိုမိုတွေ့ရှိလာနေရကြောင်း မောင်တော ဒေသခံများက ပြောကြသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...