ရေလုပ်ငန်းကို အလေးထားပြီး လုပ်ကိုင်ခဲ့ကြသော မြေပုံမြို့နယ်သည် ၂၀၁၀ ခုနစ် ဂီရိမုန်တိုင်းတွင် ထိခိုက်ပျက်စီးမှုများကို အများဆုံးခံခဲ့ရသည် ရခိုင်ပြည်နယ်၏ မြို့နယ်များထဲမှ တစ်ခုဖြစ်သည်။ မြေပုံမြို့၏ မုန်တိုင်းဒဏ်သင့်ခံရမှု အခြေနေတွင် ဂီရိသာမက၊ လွန်ခဲ့သည် နစ်ပေါင်း ခြောက်ဆယ်ကျော်လောက်က မုန်တိုင်းကြီးတစ်ခုလည်း ပါဝင်ဖူးသည်။ သို့သော် မြေပုံသည် မုန်တိုင်းဒဏ်အား ကာကွယ်ရန် ပေါ်ပေါက်လာသော ခေတ်၏နည်းပညာများ၊ ခိုလုံရာ အဆောက်အုံများသည် မြေပုံမြို့နယ်တွင် ယနေ့အချိန်ထိ ဖြစ်ပေါ် ခြင်းမရှိသေးချေ။
မြေပုံမြို့ပေါ်တွင် မုန်တိုင်းအန္တရာယ်များကျရောက်လာပါက ရေတက်မည်ကို မစိုးရိမ်ရသော်လည်း လေတိုက်ခတ်မှု ပြင်းထန်သည် ဒဏ်ကိုကြံုတွေ့ရကြောင်း ရခိုင်အမျိုးသားပါတီမှ ကိုခိုင်ကိုဝင်းက ဆိုသည်။
“ပြီးခဲ့တဲ့ ဂီရိမုန်တိုင်းတုန်းကဆိုရင် မြေပုံမြို့ရဲ့ ကမ်းနားက အိမ်တွေဆိုရင် တောင်တွေကို တက်ပြီး လေမုန်တိုင်းဒဏ်ကို ရှောင်ခဲ့ရ တယ်“
လက်ရှိ ရှိနေသော မုန်တိုင်းဘေးဒဏ်ခိုလုံရာ အဆောက်အအုံများသည်လည်း လုံခြံုမူမရှိဘဲ နစ်များစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ကိုခိုင်ကိုဝင်းက မြို့၏ အခြေနေကို သုံးသပ်ပြသည်။
မြေပုံမြို့နယ်အား ဂီရိမုန်တိုင်းတိုက်ခိုက်ခဲ့စဉ်က ၂၀၁၀ ရွေးကောက်ပွဲမဲထည့်ရမည့် ကာလအတွင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က မုန်တိုင်းကြောင့် ရိက္ခာပြတ်တောက်ခဲ့ရသည့် ကျေးရွာများတွင် မဲပြားများအား ရိက္ခာများနင့်လဲလှယ်ခဲ့မှုများ ရှိခဲ့ကြောင်း DNJ ၏ သတင်းရင်းမြစ်များမှ သိရသည်။
မြေပုံသည်မုန်တိုင်းကြောင့် မဲထည့်ရန် ရွေးချယ်ပိုင်ခွင့်များအား ဆုံးရှုံးခဲ့ရသကဲ့သို့ အသက်အိုးအိမ်ဆုံးရှုံးမှုများရှိခဲ့ကြောင်း ဂီရိမုန်တိုင်းအတွင်း အကူညီထောက်ပံ့ပေးခဲ့သည် အဖွဲ့စည်းများ၏ ထုတ်ပြန်ချက်များက ဆိုသည်။
မြေပုံမြို့နယ်တွငးရှိ် ငါးရွီတောင်၊ အမျက်ထွက်၊ ပြိုင်ချောင်၊ ကြိုင်သာ၊ ပြင်ဝန်း၊ တောင်ဆိပ်၊ ကြက်ဟင်းခါး၊ ကြာအင်းတောင်၊ ငါးပသုန်နဲ့ ကျွန်းသာယာတို့မှ သေဆုံးခဲ့ခြင်း ဖြစ်သည်။
မြေပုံမြို့နယ်အတွင်း ဂီရိကြောင့် သေဆုံးမှုများနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က သူ၏ အမြင်ကို ပြည်တွင်းရှိမီဒီယာတစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။
“တချို့ရွာလုံးကျွတ် (မြေပုံမြို့နယ်)ပျောက်သွားတာရှိပါတယ်”
ထိုအချိန်က ခေတ်ကာလ၏ ပွင့်လင်းမြင်သာမှု အားနည်းနေသေးသည့် အခြေနေနင့် သွားရေးလာရေး အခြေနေတို့ကြောင့် မြေပုံမြို့နယ်၏ လူဦးရေသေဆုံးမှုနင့် ပျက်စီးမှု စာရင်းများကို သေချာစွာပြုစု ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ကြချေ။
ဂီရိမုန်တိုင်း၏ ပြယုဂ်အဖြစ် မြေပုံမြို့နယ်သည် မှတ်တမ်းမဲ့စွာ ကျန်ရစ်ခဲ့ရသည်။ မုန်တိုင်း၏ နှောင့်ယှက်မှုကြောင့် တိုးတက်ဖြစ် ထွန်းမှုများသည် မြေပုံမြို့နင့် ခေတ္တ အလှမ်းကွာဝေးနေခဲ့သည်။
မုန်တိုင်းကြောင်း ဆားငံရေဒဏ်များမိကာ ဆန်စပါးစိုက်ပျိုး၍ မဖြစ်ထွန်းသည့် အခြေနေကို ရင်ဆိုင်ကြရသည်။ မြေသားများပျက်စီး ကာ စပါးများ မျှော်လင့်သည်ထက် အထွက်နှုန်း နည်းလာသည်။
“အဲဒီလိုအခြေနေတွေကြောင်း စပါးတွေ မဖြစ်ထွန်းတော့ လယ်သမားတွေ ချေးငွေ ပိကြတယ်လေ။ ဒါကြောင့် ပြီးခဲ့တဲ့ ပြည်နယ် လွှတ်တော်မှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အစီရင်ခံစာတစ်စောင် ပြုစုခဲ့သေးတယ်” မြေပုံမြို့နယ်မှ လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဦးအောင်ဝင်းက DNJ ကိုပြောသည်။
လယ်သမားများ စပါးအရ နည်းလာသကဲ့သို့ ရေလုပ်ငန်းများလည်း ၎င်းနည်းတူ ကျဆင်းလာခဲ့သည်။ ပုဇွန်ကန်များ တာတမံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြသည်။ ပျက်စီးမှုများဖြင့် မြို့သည် တိုးတက်မှုကို စောင့်စားနေခဲ့သည်။
၂၀၁၀ တွင်ဖြစ်ပွားခဲ့သည် ဂီရိကြောင့် မြို့၏ တိုးတက်ဖြစ်ထွန်းမှု ဆုတ်ယုတ်ပြီး နှစ်နှစ်အကြာ မြို့ပေါ်တွင် ဘင်္ဂလီ အရေးခင်းကြောင့် မြို့သည် ပိုမို နွမ်းရိလာခဲ့ရသည်။
“အရေးခင်းတုန်းကဆိုရင် သူတို့တွေရဲ့နေအိမ်တွေနဲ့ ဒေသခံတွေရဲ့ အိမ်တွေက သိပ်မဝေးတော့ သူတို့တွေရဲ့ ကြံစည်မှုတွေကို မခံရအောင် စောင့်ရင်း ရင်တွေမောခဲ့ရတယ်။ အလုပ်ပျက် အကိုင်ပျက်နဲ့’’
၂၀၁၂ ခုနှစ်ဘင်္ဂလီ အရေးအခင်းတွင် မြေပုံမြို့၏ ဖြစ်ပျက်ကြံုတွေခဲ့ရပုံများကို မြို့ပေါ်ရှိ လူမှုရေးရာ လုပ်ရှားသူ ကိုနန္ဒကျော်စွာက ပြောဆိုခြင်း ဖြစ်သည်။ မြေပုံမြို့နယ်သည် သဘာဝဘေးဒုက္ခများနင့် ဘင်္ဂလီ အရေးခင်းကြောင်း ဖွံ့ဖြိုးမှုများ နောက်ကျခဲ့ရသလို သက်ဆိုင်ရာအာဏာပိုင်များနင့် ဝိသမလောဘသားများကြောင့်လည်း မြို့နယ်၏ အကျိုးစီးပွားပျက်စီးမှုများရှိခဲ့ရသည်။
အထူးသဖြင့် လမ်းတံတားများတည်ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများနင့် တောတောင်များမှ သစ်များထုတ်ယူမှုများ ဖြစ်ကြသည်။ ထိုသို့သစ်ခိုးထုတ်သူများနင့် ရောနှောကာ ဖြစ်ပျက်ဆိုးကျိုးများကို ခံစားနေကြရသူများမှာ မြေပုံမြို့ အနီးရှိ ကျေးရွာများမှ ရွာသားများဖြစ်ကြသည်။ တောတောင်များတွင် ထင်းခုတ်၊ ဟင်းရှာနိုင်ရန် အခြေနေများကို ထိုတောအုပ်များက ဖန်တီးပေးနိုင်ခြင်း မရှိတော့ချေ။ ထိုကြောင့် ဟင်းသီးဟင်းရွက်များကို အနီးနားရှိမြို့က ရွာများမှ သယ်ယူကြရသည်။
ရေကြောင်းကိုသာ အားထားနေရသည့် မြေပုံမြို့ပေါ်အတွက် လမ်းပန်းဆက်သွယ်ရေးအားနည်းမှုများကြောင့် ကားလမ်းများအား ကောင်း မွန်စွာ ဖောက်လုပ်ပေးရန် တင်ပြထားမှုများရှိခဲ့သော်လည်း ပြုလုပ်ပေးမှုများ မရှိသေးကြောင်း၊ မြေပုံမြို့နယ်နင့်ပတ်သတ်ပြီး ပြည်သူ့လွှတ်တော် မှတ်တမ်းများအရ သိရှှိရသည်။ ကျေးရွာများအား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် မြေပုံမြို့နယ်မှ ပြည်သူလွှတ်တော် အမတ် ဦးဖေသန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တင်သွင်းမေးမြန်းခဲ့တဲ့ ကြယ်ပွင့်မပြကာ ထောင်ကြီး-တရာ-ကျေးတော-ပေါက်ထုတောင် ရွာချင်းဆက်လမ်းနှင့် ပတ်သက်ပြီးတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက စာဖြင့်သတိပေးခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂မှာ ကားထောင်ကြီး-တရာလမ်းပိုင်း ၃မိုင်အတွက် ကျပ်ငွေ၃၂.၈သန်း၊ ကျန်လမ်းပိုင်း ၈မိုင်ကို နှစ်စဉ်အလိုက် စီမံချက်များ ရေးဆွဲပြီးတော့ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားခဲ့ပေမယ့် ၂၀၁၂-၂၀၁၃မှာ မလုပ်ပေးခဲ့ပါဘူး။ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်မှာလည်း ပါမလာပါဘူး“
မြေပုံမြို့နယ်အတွက် တောင်းဆိုမှုများမှ မရရှိမှုများထဲတွင်၊ နောက်ထပ်မဖြစ်လာသေးသည့် အရာများလည်းရှိသေးကြောင်း သိရသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်ကိစ္စနင့်ပတ်သက်၍ နိုင်ငံခြားမှ အကူညီရမှာသာ ပြုလုပ်ပေးနိုင်မည်ဆိုသော ပြည်သူ လွှတ်တော်၏ ဖြေဆိုချက်ဖြစ်သည်။ ဦးဖေသန်းက တင်ပြခဲ့ခြင်းဖြစ်သည်။
“ဥပမာ ပြရမယ်ဆိုရင် ကျွန်တော်မေးတဲ့မေးခွန်းတွေ တချို့တင်ပြပါမယ်။ စာနဲ့အဖြေပေးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ စတုထ္တ ပုံမှန်အစည်းအဝေးတုန်းက ကြယ်ပွင့်မပြ မေးခွန်းတစ်ခုပါ။ အဲ့ဒါကဘာလဲဆိုတော့ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ ကုန်းမြင့်မရှိတဲ့ ရွာ ၉ ရွာမှာ မုန်တိုင်းဝင်လာလို့ရှိရင် အသက်အန္တရာယ်ကာကွယ်နိုင်အောင်လို့ဆိုပြီးတော့ အသက်ကယ် သောက်ရေကန်နဲ့တွဲပြီးတော့ အသက်ကုန်းများ တည်ဆောက်ပေးနိုင်ပါမည်လားလို့ ကျွန်တော်မေးခဲ့ပါတယ်။ အဲဒီအဖြေကို ဖြေကြားရာမှာ အဆိုပါ ၉ရွာအတွက် အသက်ကယ်ကုန်း တည်ဆောက်ပေးရန် ခန့်မှန်းတန်ဖိုး ၁၃၂၁.၁သန်းကျပ်ကုန်ကျမည်ဖြစ်ပြီး တည်ဆောက်ပေးရန် ပထမဦးစားပေးအဆင့် ထားရှိရေး ဆွဲတင်ပြထားပါတယ်။ နိုင်ငံခြားအကူအညီ အထောက်အပံ့များရရှိပါက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပါမည်လို့ ပြောထားပါတယ်။ အဲ့ဒါလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး လက်မှတ်ထိုးပြီး ဖြေတာဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းတာက နေ့ပဲညပဲ ကျွန်တော်တို့အသက်တွေ ကယ်ဖို့တောင်းတာပါ။ အဲဒါကိုအကောင်အထည်ဖော် ဆောင်ရွက်ပေးပါမည်လို့လည်း ပြော တယ်။ နောက်ပြီးတော့နိုင်ငံခြားအကူအညီရမှ ပေးမယ်လို့လည်း ပြောတယ်။ အဲဒီတော့ဒါတွေ ဘယ်လိုကတိမျိုးလဲ။ ကျွန်တော်ကလွှတ်တော် အတွေ့အကြုံကို သွားရှင်းတော့ ရွာသားတွေက ကျွန်တော်ကိုမေးပါတယ်။ နိုင်ငံခြားအကူအညီမရခင် ကျွန်တော်တို့ သေရင်ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ခံမလဲလို့မေးပါတယ်။ အဲဒါမျိုးက တာဝန်ယူနိုင်မှု အနေအထားရှိိဖို့လိုပါတယ်။’’
တောင်းဆိုမှုများ၊ ကြိုးပမ်းသူများရှိနေသော်လည်း မြေပုံမြို့သည် ဆက်သွယ်ရေးခက်ခဲသော မြို့နယ်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
လျှပ်စစ်မီးများအား လုံလောက်စွာ မြေပုံမြို့သည် သုံးခွင့်မရသေးချေ။ ဂီရိ၊ ဘင်္ဂလီ အရေးအခင်းသည် ပြသနာများ ကြားတွင် မြေပုံသည် ဖြစ်သင့်သလောက် ဖြစ်ထွန်းတိုးတက်မှုများ မရှိခဲ့။ အချိန်မရွေးပေါ်ပေါက်နိုင်သော မုန်တိုင်းဒဏ်ကို ရှောင်ရန် နည်းလမ်းများမရှိသေး။
သမိုင်းတွင် လေမုန်တိုင်းဒဏ်ကြောင့် ငမန်းရိပ်ကျွန်းအထိနာခဲ့ရသလို ပြန်လည်၍ မုန်တိုင်းကြီးလာပါက ယခင်အခြေအနေလို ဖြစ် ပျက်နိုင်သည်ဟု ကိုခိုင်ကိုဝင်းကဆိုသည်။
“အဲဒီကျွန်းတွေမှာ ဆိုရင်လည်း ရွာခံတွေကပဲ ဝိုင်းပြီးတော့ဆယ်ထားတာဆိုတော့ ကြံခိုင်မှုမရှိဘူးလေ မုန်တိုင်းက အချိန်မရွေးဝင်ရောက် လာနိုင်တယ် ဆိုတော့ အရင်တုန်းကလိုု ရွာလုံးကျွတ်သေသွားနိုင်တယ်။





