ကချင်ပြည်နယ်၌ ART ဆေးလိုအပ်နေသည့် HIV လူနာများစွာ ရှိနေဆဲဟုဆို

ကချင်ပြည်နယ်၌ ART ဆေးလိုအပ်နေသည့် HIV လူနာများစွာ ရှိနေဆဲဟုဆို
by -
သုတလင်း
မူးယစ်ဆေးဝါးမှတဆင့် HIV ကူးစက်မှုနှုန်းနည်းပါးလာသော်လည်း ဆေးလိုအပ်နေသည့် လူနာများစွာ ရှိနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ MSF ဟော်လန်ရုံးမှ သတင်းရရှိသည်။

MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဆေးလိုအပ်နေဆဲ လူနာများစွာရှိသည်ဟု ၄င်းရုံး၏ နှစ်အလိုက်စာရင်းများအရသိရသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး အကြောတွင်းသို့ ထိုးသွင်းခြင်းမှတဆင့် HIV ကူးစက်သည့် နှုန်းသည် အများဆုံးဖြစ်နေပြီး အဆိုပါရောဂါပိုးရှိသူများမှာ အေအာရ်တီ ( ART )ဆေး မှန်မှန် သုံးစွဲခြင်းမရှိသောကြောင့် HIV ကူးစက်ခြင်းကို ထိန်းချုပ်နိုင်မှု နည်းပါးခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် HIV ရောဂါပိုးရှိသူ လူနာများအနေဖြင့် ဆေးကုသခံယူလိုမှု အနေအထား တိုးတက်လာပြီး ဆေးခန်းပြ သရာတွင်လည်း လူနာများအကြား HIVရောဂါအကြောင်း ပိုမိုနားလည်လာစေရန် ရှင်းလင်းပြောကြားပြီးမှ ၄င်းတို့ကိုယ်တိုင် ကုသလိုစိတ် ဖြစ်လာစေရန် ပြောင်းလဲဆောင်ရွက်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ MSF ဟော်လန်မှ နယ်မြေဆင်းကာ HIV ရောဂါနှင့်ပတ်သတ်၍ ကွင်းဆင်းဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးက ပြောကြားသည်။

HIV ရောဂါဖြစ်ပွားမှု အများဆုံးဒေသများတွင် ကချင်ပြည်နယ်မှာ ဒုတိယဖြစ်ပြီး ကချင်ပြည်နယ်အတွင်း MSF မှ အတိအကျ ကောက်ယူထားသည့် စစ်တမ်းများကိုမူ ၄င်းတို့အဖွဲ့အစည်းအနေဖြင့် လုံခြံုစွာ ထိန်းသိမ်းထားသောကြောင့် သတင်းထုတ်ပြန်ရန် ခက်ခဲကြောင်း ဖြေကြားခဲ့သည်။

အေအာရ်တီ ( ART ) ဆေးရရှိမှု မလုံလောက်သည့် ကိစ္စကို အစိုးရမှ ဆောင်ရွက်ပေးနေသည့် အမျိုးသားခုခံအားကျဆင်းမှုရော ဂါတိုက်ဖျက်ရေးအဖွဲ့ (NAP) မှ ကူညီလုပ်ကိုင်ဆောင်ရွက်နေပြီးအစိုးရအနေဖြင့် ယခုထက် ပိုမိုလုပ်ဆောင် လာနိုင်ပါက ပိုမိုတွင်ကျယ်လာနိုင်သည်ဟုလည်း ကချင်ပြည်နယ်အတွင်း HIV နှင့်ပတ်သတ်၍ ဆောင်ရွက်နေသည့် Local Network များထံမှသိရသည်။

မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်တစ်ချို့တွင် အေအာရ်တီဆေးရရှိစေရန် လုပ်ဆောင်မှုအပိုင်းမှှာ တွင်ကျယ်သော်လည်း တစ်ချို့သော မြို့အစွန်အဖျားများတွင်မူ လမ်းပန်းဆက်သွယ်ရေးခက်ခဲ သည့်အပြင် ဒေသခံ အဖွဲ့အစည်းများ အားနည်းလာသည့်အတွက် ဆေးရရှိမှု တွင်ကျယ်စေရန် လုပ်ဆောင်သည့်အပိုင်းများ၌ အခက်အခဲရှိနေဆဲဖြစ်သည်ဟုလည်း
သိရသည်။

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...
November 17, 2015
တရားဥပဒေ စိုးမိုးမှု အခြေအနေကြောင့် အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ပေမယ့် လွတ်လပ်စွာ သွားလာခွင့်မရဘဲ...