မေး ရွေးကောက်ပွဲလည်း ပြီးဆုံးသွားပြီဆိုတော့ လက်ရှိ လုပ်ဆောင်နေချက်လေးတွေပြောပြပေးပါ
ဖြေ လက်ရှိကတော့ နိုင်ငံရေးနယ်ပယ်က ခဏနားထားတယ် သုံးလပိုင်း နောက်ပိုင်းကစပြီးတော့ မြေယာအရေး တွေကို ဆက်ပြီးတော့ လှုပ်ရှားဖို့ ရှိတယ် တနင်္သာရီတိုင်း မှာရှိတဲ့ ထားဝယ် မြိတ် ကော့သောင်းမှ သိမ်းထားတဲ့ မြေယာတွေနဲ့ ပက်သက်ပြီး အချက်အလက်တွေ စုဆောင်းမယ် ပြီးရင် အနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေဆီ အသနားခံစာတွေ တင်မယ် တောင်းဆိုမယ် ပူးပေါင်းသွားဖို့ ရှိပါတယ်
မေး မဲရလဒ်တွေအပေါ် ကျေနပ်မှု ရှိပါသလား
ဖြေ မဲရလဒ်တွေအပေါ် ကျေနပ်ပါတယ် စပြိုင်တဲ့ကာလထဲက ရှုံးမယ်ဆိုတာသိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ပြိုင် တာ လက်ရှိ ကော့သောင်းမှာရှိတဲ့ လူငယ်တွေက နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားပြီး လူငယ်တွေလဲ နိုင်ငံရေး နယ်ပယထဲဝင်ပြီး လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အသိတစ်ခု ပေးလိုက်နိုင်တာကိုပဲ ကျေနပ်ပါတယ်
မေး ရှေ့ဆက်ပြီးတော့ တက်လာမဲ့ အစိုးရသစ်နဲ့ ဒေသတွင်းဖွံဖြိုးတိုးတက်အောင် ဘယ်လို ဆောင်ရွက် သွားမလဲ ပြောပြပေးပါ
ဖြေ လက်ရှိ နယ်ပယ်မှာရှိနေတဲ့ ပြသနာတွေ မတရားခံရတဲ့အကြောင်းရာတွေကို အချက်အလက်တွေ စုပြီးတော့ တက်လာတဲ့ အစိုးရအပေါ်မှာ ပြည်သူလူထု နည်းလမ်းနဲ့ တောင်းဆိုသွားမှာပါ အစိုးရမှားတယ်ဆိုရင်လဲ မှားတဲ့ အပိုင်းကို အချက်လက်ကျကျနဲ့ ထောက်ပြပြီး တောင်းဆိုသွားမယ် ဆောင်ရွက်သွားမယ်
မေး တက်လာမဲ့ အစိုးရအပေါ်ကိုရော တနင်္သာရီတိုင်းဒေသကြီး အတွက် တကယ်ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်လား ။
ဖြေ ယုံကြည်တယ်မယုံကြည်ဘူးဆိုတာထက် မှားနေတာတွေ ရှိရင်တော့ ထောက်ပြမှာပဲ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူး ဆိုတာကိုတော့ အတိကျတော့မပြောနိုင်သေးဘူး ။ အစိုးရသစ်ဖြစ်သွားတဲ့အတွက်နဲနဲတော့ နှောင့်နှေးကြန့်ကြာမှု ရှိမယ် ခုတက်လာတဲ့ ကိုယ်စားလှယ်တွေက လက်ရှိအစိုးရရဲ့ လုပ်ငန်းတာဝန်တွေ နည်းဗျူဟာတွေကို အချက်ချာကျကျ သိပ်ပြီးတော့ မကျွမ်းကျင် ကြသေးဘူး သူတို့အစိုးရအပေါ်ကို ပြည်သူလူထုက ဘယ်လိုဆောင်ရွက်ပေးရမလဲ ဘယ်လိုရှိတယ် ဘယ်လိုဆောင်ရွက်ပေးရမယ်ဆိုပြီး တောင်းဆိုဖို့တော့လိုတယ် မလုပ်ဆောင်ပေးနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့က လမ်းပေါ်ထွက်ရမှာပဲ တောင်းဆိုရမှာပဲ
မေး ဒေသတွင်းဖွံဖြိုးဖို့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်လောင်းတွေ မပါဝင်တဲ့ အတွက် အစိုးရသစ်က လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲ ပြောပြပေးပါ
ဖြေ တကယ်တော့ ပြည်သူကတင်မြှောက်တဲ့ ကောင်းမွန်တဲ့ အစိုးရသစ် တစ်ခု ဖြစ်လာဖို့ တိုင်းဒေသကြီး နယ်ပယ်တွေမှာလဲ ဖက်ထရယ်ဖစ်ဖို့ လိုတယ်။ တိုင်းဒေသကြီးမှာ တိုင်းရင်းသားတွေ မပါဝင်လာဘူး ပါတီငယ်လေးတွေ မပါဝင်လာဘူးဆိုရင် အစိုးရကို ထိန်းကျောင်းဖို့ဆိုတာ မလွယ်ဘူး လွှတ်တော်ထဲမှာ တစ်စုထဲကနေ အုပ်စိုးပြီး သွားမယ်ဆိုရင် လက်ရှိ အာဏာရှင် ဆန်တဲ့အတိုင်း ဖြစ်သွားနိုင်မယ်လို့ တစ်ခါတစ်လေ သုံးသပ်မိတယ်။
လွှတ်တော်ထဲမှာ တိုင်းရင်းသားနယ်မြေက ကိုယ်စားလှယ်တွေပါမယ်ဆိုရင် တိုင်းရင်းသား ရေးရာတွေ တင်ပြနိုင်မယ် အလုပ်သမားတွေ လယ်သမားတွေ ရှိနေဖို့လိုတယ် ဒါမှ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုရဲ့ အကြောင်းကိစ္စတွေ တင်ပြနိုင်မယ်လို့ မြင်တယ်။
မေး လာမည့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိသေးလား
ဖြေ ကျွန်တော်က အစိုးရအပေါ်ကိုပဲ ကြည့်မယ် ဒီအစိုးရကကောင်းမွန်တယ်ဆိုရင် ပြည်သူလူထုရဲ့ နည်းလမ်းနဲ့ ပူးပေါင်းပြီးသွားမယ် ဒီအစိုးရတစ်ရပ်က ထပ်မံပြီး ကောင်းမွန်မှု အားနည်းတယ် ဆိုရင်တော့ ဒေသအတွက် ဖွံဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်နိုင်ရန် ဆက်လက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်သွားမှာပါ




