ကျေးရွာအတွင်းဝင်ရောက်လာသည့် စစ်ကြောင်းမှပစ်ခတ်၍ ရသေ့တောင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ကျေးရွာအတွင်းဝင်ရောက်လာသည့် စစ်ကြောင်းမှပစ်ခတ်၍ ရသေ့တောင်မြို့နယ်မှ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာတွင် ဇူလိုင် ၁၁ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့်က အမျိုးသမီးနှစ်ဦး ကျည်ထိမှန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

အင်အား ၆၀ ကျော်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် အငူမော်ကျေးရွာဘက်မှလာရောက်ကာ အောင်ဗလကျေးရွာသို့ ပစ်ခတ်ဝင်ရောက်လာသဖြင့် နေအိမ်အတွင်းရှိနေသည့် အမျိုးသမီးနှစ်ဦးမှာ ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ထိုသို့ကျည်ထိမှန်မှုကြောင့် ဒေါ်ဦးသန်းခင်(၃၉)နှစ်မှာ ညာဘက်လက်မောင်းပြုတ်ဒဏ်ရာနှင့် ဒေါ်မသန်းဝင်း (၄၈)နှစ်မှာ ဘယ်ဘက်ခြေသလုံးတွင် ရှပ်ထိဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ဒေါ်မသန်းဝင်း၏ လင်ယောကျ်ား ဦးသိန်းစိန်ထွန်းက “သူတို့(တပ်မတော်)ပစ်တဲ့အခါ အိမ်ဖက်ကိုပစ်တယ်။ အိမ်နံရံကိုဖောက်ပြီး ကျည်ထိသွားတာ။ ဒေါ်ဦးသန်းခင်မှာ လက်မောင်းပြုတ်သွားတယ်။ ကျနော့်ဇနီးမှာတော့ ခြေသလုံးမှာ နည်းနည်းထိသွားတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူထဲမှ ဒေါ်ဦးသန်းခင်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင် ထားပြီး ဒေါ်မသန်းဝင်မှာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရသောကြောင့် ရွာတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေးကျော်က DMG သို့ ပြောသည်။

“ရွာသားတွေက ကိုယ့်အိမ်မှာကိုယ် ပုန်းနေကြတယ်။ အပြင်ထွက်လို့လည်း မသွားရဲကြဘူး။ ကျနော်လည်း စိုးရိမ် တာပဲ။ ဒါပေမဲ့ လူတွေထွက်ပြေးသွားရင် မီးရှို့ခံရတာတွေ ရှိတာကြောင့် ရွာသားတွေကိုထွက်မပြေးဖို့ ပြောထားတယ်” ဟု ဦးစံအေးကျော်က ဆိုသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...