ဖမ်းဆီးခံထားရသည့် မအီမြို့ ANP ဥက္ကဋ္ဌ တစ်လကျော်ကြာမိသားစုနှင့်အဆက်အသွယ်မရဘဲပျောက်ဆုံးနေ

ဖမ်းဆီးခံထားရသည့် မအီမြို့ ANP ဥက္ကဋ္ဌ တစ်လကျော်ကြာမိသားစုနှင့်အဆက်အသွယ်မရဘဲပျောက်ဆုံးနေ

ခိုင်လူလှ — တောင်ကုတ်မြို့နယ်၊ မအီမြို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်အား ဇွန်လ ၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်သွားပြီဖြစ်သော်လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ဇနီးဖြစ်သူ ဒေါ်မာမာဝင်းက ပြောဆိုသည်။

“ သူ့ကို ဇွန်လ ၉ ရက်နေ့ ညဉ်သန်းခေါင်းကျော်မှာအိမ်မှာ အိပ်နေရာနေနိုးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ အခုဆိုရင် တစ်လ ပြည့်သွားပါပြီ။ ဟိုနေရာမှာ ရှိနေသလိုလို၊ ဒီနေရာမှာ ရှိနေသလိုလို မိသားစုနဲ့ မတွေ့ရတာ တစ်လ ကြာသွားပြီ ဆိုတော့ စိုးရိမ်နေကြပါတယ်။ ဘယ်မှာဆိုတာ တိတိကျကျ မသိရပါ” ဟု သူမက ပြောဆိုသည်။

ကိုမျိုးလွင်အား ဖမ်းဆီးသည့်နေ့က မအီမြို့ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ချုပ်ရေးမှူး၊ မအီစခန်းမှ ဒုရဲအုပ် တစ်ဦးနှင့် စကခမှ ဗိုလ်ကြီးတစ်ဦးတို့ ဦးဆောင်ပါဝင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

“ ကျွန်မတို့က ကုန်စုံဆိုင် ရောင်းပါတယ်။ မအီမြို့ ရပ်ကွက် ၃ မှာနေပါတယ်။ သူ့မှာဘာမှ အပြစ်မရှိဘဲ ဖမ်းခေါ်သွားတာပါ။ သူ့မှာ ဘာမှ အပြစ်မရှိတဲ့ အတွက် ပြန်လွတ်ပေးစေချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ဥပဒေနဲ့ မညီဘဲ ဒီလို တစ်လကျော် ရဲကို မလွှဲပြောင်းဘဲ ဖမ်းထားတာကို ကြားဝင် ကူညီပေးစေလိုပါတယ်” ဟု ဒေါ်မာမာဝင်းက ပြောဆိုသည်။

ယခုလို လင်ယောကျ်ားဖြစ်သူ ဖမ်းဆီးခံထားရသဖြင့် စစ်တွေတက္ကသိုလ် တက်ရောက်နေသူ သမီးနှင့် ၅ တန်းတက်နေသူ သားဖြစ်သူတို့အတွက် ပညာသင်ကြားရေး အခက်အခဲဖြစ်ပေါ်နေရသည်ဟု ဆိုသည်။

ဂွမြို့နယ်မှ တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက “ ဇွန်လ ၉ ရက် ညမှာ ဖမ်းတယ်။ သူ့ကို ဇွန်လ ၁၆ ရက်နေ့က မအီရဲစခန်းမှာ အမှုဖွင်ခဲ့တယ်လို့ သိရပါတယ်။ အခု စုံစမ်းကြည့်တော့ မအီရဲစခန်းမှာလည်း မရှိဘူး။ အမ်းမှာလိုလို ကြားရတယ်။ အမှန်မှာက ဖမ်းတယ်ဆိုရင်လည်း ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ လိုပါတယ်။ ရဲကို အပ်ပြီး အမှုဖွင့် တရားစွဲဆိုရပါမယ်။ အခုက ဇူလိုင် ၉ ရက် တစ်လ ကျော်သွားပြီဆိုတော့ မိသားစုတွေလည်း အရမ်းစိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု နိရဉ္စရာသို့ ပြောဆိုသည်။

မအီရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...