၎င်းအသိပညာပေး ဟောပြောပွဲကို မောင်တောခရိုင် ပြန်/ဆက် ဦးစီးမှူး ဒေါ်စန်းစန်းအောင် ဦးဆောင်ပြီး ပြန်ဆက်/ဆက်ဝန်ထမ်းများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ မတ်လ ၄ ရက် မနက် ၆ နာရီ ၃၀ အချိန် ရွာသားတွေ လုပ်ငန်းခွင်မသွားမီ အချိန်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ ရွာနှစ်ရွာကို စုပေါင်းပြီး ရွှေဗဟို ရခိုင်ရွာရှေ့ ကွင်းပြင်မှာ နံရံကပ်စာစောင်တွေ၊ ဓါတ်ပုံတွေ၊ စာအုပ်တွေ၊ ဂျာနယ်တွေနဲ့ ဗဟုသုတ ဖြစ်ဖွယ်ရာ စာအုပ်တွေကို ခင်းကျင်းပြသခဲ့ပါတယ်” ဟု ပြန်/ဆက် ဦးစီးမှူး ဒေါ်စန်းစန်းအောင်က ပြောသည်။
ကလေးများ ပျော်ရွှင်မူများရှိစေရေးအတွက် လေပူဖေါင်းလေးများ လုပ်ပြီးဝေငှပေးခြင်း ကောက်ညှင်းထုပ်များ ဝေငှခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
အသိပညာပေးဟောပြောပွဲတွင် ကျေးရွာသူ/သားများအားလည်း လတ်တလော လိုအပ်ချက်များနှင့် အခက်အခဲ များကို လွတ်လွတ်လပ်လပ် တင်ပြခိုင်းရာ ရွှေဗဟိုရွာတွင် ရေတွင်း(၃)တွင်း ရှိရာ သုံးရေအဖြစ်သာအသုံးပြုနိုင်ပြီး သောက်ရေအတွက် အလွန်အခက်အခဲနေသဖြင့် ရေတွင်းတစ်တွင်း တူးဖော်ရန် အမြန်လိုအပ်နေကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။
ရွှေဗဟိုရွာတွင် လယ်မြေများ ချပေးထားမူမရှိပါကြောင်း၊ စားကျက် မြေလွတ်မြေရိုင်းများရှိပါသော်လည်း ဆောင်းသီးနံများ ထွန်ယက်စိုက်ပျိုးရန် အတွက် ထွန်စက်များ လိုအပ်ပါကြောင်းဆက်လက်တင်ပြကြကြောင်း၊
ကျေးရွာသူ ဒေါ်ယိုင်စိန်ကလည်း သူတို့တွင် ယခု အချိန်ထိ အိမ်ထောင်စု စာရင်းမရှိ၊
မှတ်ပုံတင်လည်း မရှိသေးသဖြင့် ကလေးများအတွက် ပညာသင်ကြားရေး လွန်အခက်အခဲ ဖြစ်နေကြောင်း၊ ဆယ်တန်းကျောင်သူ/သားများကို စစ်တွေသို့ ပို့ပြီး ကျောင်းအပ်ထားချင်သော်လည်း မှတ်ပုံတင်မရှိသည့် အတွက် မသွားရောက် နိုင်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု သိရသည်။
ရွှေဗဟိုရွာသည် ၂၀၁၂ ရခိုင်တွင် ပေါ်ပေါက်ခဲ့သော လူမျိုးရေး ဘာသာရေး မတည်ငြိမ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ ဘာသာရေး အစွန်းရောက်သူများ၏ ရန်ရှာသတ်ဖြတ်မူကို ကြောက်၍ မြန်မာဘက်သို့ ခိုလုံလာကြသော ရခိုင်အနွယ်ဝင်များ ဖြစ်ပါသည်။
ရွာစတည်ထောင်စဉ်ကတည်းက သူတို့အား လယ်မြေ၊ ကျွဲနွားများ ထောက်ပံ့ပေးခြင်း မရှိကြောင်း၊ သို့သော် တစ်လနှစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ လာရောက် ထောက်ပံ့ ပေးကမ်းခြင်းရှိသည်ဟုသိရပါသည်။
ရွာသူရွာသားအများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နေစားအလုပ်သမားများ အဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြရသည်ဟုသိရပါသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်းဆိုက်များမှ တစ်နေ့ လုပ်အားခအား တစ်နေ့ ရှင်းမပေးနိုင်သောကြောင့် စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟုလည်း သိရသည်။
ရွှေဗဟို မြိုတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာကို ၂၀၁၂ အကြမ်းမူ အပြီးလောက််တွင် ကင်းချောင်းအနီး မေယုတောင်ခြေရင်းတွင် စတင်တည်ထားခြင်းဖြစ်သည်ဟု သိရပါသည်။ ယခုအခါ ၎င်း မြိုရွာတွင် တမန်းသားနှင့် ရေနောက်ငါးသား မှ နေထိုင်ရန် အခက်အခဲများကြောင်း ပြောင်ရွှေ့လာသည့် ဒိုင်နက် အိမ်ထောင်စု(၁၀)စု ရောင်ရှိနေကြောင်း ဒိုင်းနက်လူမျိုး သာထွန်းမောင်က ပြောပြပါသည်
ရွှေဗဟို နတလ ကျေးရွာနှင့် ရွှေဗဟို မြိုရွာ အတွက် ခရိုင်ပြန်ဆက်မှ စာအုပ်မျိုးစုံ ၃၃၀ နှင့် လက်ကမ်းစာစောင် ၁၃ မျိုး အုပ် ၁၀၀ စာစောင် ၅၃၀ စောင် နှင့် ပိုစတာ ၃ စောင် တို့ကို ခရိုင်ပြန်ဆက်ဦးစီးမူ ဒေါ်စန်းစန်းအောင်က ရွှေဗဟို ဥက္ကဋ္ဌ ထံပေးအပ်လှူဒါန်ပြီး စာကြည့်တိုက်တစ်ခု ပေါ်ပေါက်လာအောင် နောက်ထပ် စာအုပ်စာတမ်း စာစောင်များ လစဉ်ထောက်ပံသွားမည်ဟု ပြောကြားခဲ့သည်။







