တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ကုတ်ဒေသခံတစ်ဦး နှစ်ရက်ကျော်ကြာသည်အထိ သတင်းအစအန မရသေး

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ကုတ်ဒေသခံတစ်ဦး နှစ်ရက်ကျော်ကြာသည်အထိ သတင်းအစအန မရသေး

ဇော်ဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်-မအီ ကားလမ်းပေါ်ရှိ လမူးမော်စံပြကျေးရွာမှ လူတစ်ဦးအား တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကျော်ကြာသည်အထိ သတင်းအစအန မရရှိ သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက တပ်မတော်သား ၈ ဦးခန့်သည် လမူးမော်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်သမားလုပ်ငန်းလုပ်ကိုင်သည့် အသက် ၅၂ အရွယ် ဦးစံချစ်အောင်အား စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက DMG သို့ ပြောသည်။

“အဲဒီနေ့က တပ်မတော်သားတွေ မနက်စောစော ရွာကိုရောက်လာကြတယ်၊ ပြီးတော့ ဦးစံချစ်အောင်ကို ခေါ်သွားကြတယ်။ သူတို့ပြောတာကတော့ စစ်ဆေးစရာရှိတယ်လို့ပြောတာပဲ၊ ခေါ်သွားခံရတဲ့သူက ထောင်ကနေ လွတ်လာတာ လပိုင်းလောက်ပဲရှိသေးတယ်” ဟု ဦးမြင့်ဋ္ဌေးက ဆိုသည်။

ဖမ်းဆီးခံရပြီး နှစ်ရက်ကျော်ကြသည်အထိ ဦးစံချစ်အောင်ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားမှန်း မသိရ သေးပေ။ ၎င်းမှာသားဖြစ်သူ၏ ယောက္ခမ(မ)ကို ဓားဖြင့်ထိုးခဲ့မှုကြောင့် ထောင်ဒဏ်ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသည်မှာ သုံးလကျော်ခန့်သာရှိသေးကြောင်းလည်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးစံချစ်အောင်မှာ လွန်ခဲ့သည့် ၈ နှစ်ခန့်က ရမ်းဗြဲမြို့နယ်မှ ပြောင်းရွှေ့ လာကာ လမူးမော်ကျေးရွာတွင် အခြေချနေထိုင်နေသူတစ်ဦးဖြစ်သည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင်လည်း တပ်မတော်သားများ ကျေးရွာအတွင်းသို့ရောက်ရှိနေကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...