ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် ဝင်ရောက်လာသူ ၁၇ ဦးအား လဝကဥပဒေဖြင့် ပြစ်ဒဏ်ပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် ဝင်ရောက်လာသူ ၁၇ ဦးအား လဝကဥပဒေဖြင့် ပြစ်ဒဏ်ပေး

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၇ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃(၅) တို့ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။

ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၃ (၁)၊ ၁၃(၅)ဖြင့် ၁၃ ဦးကိုလည်းကောင်း၊ မောင်တောမြို့နယ် တရားရုံး၌ ပုဒ်မ ၁၃ (၁)နှင့် ၄ ဦးကိုလည်းကောင်း ဇူလိုင် ၆ ရက်နေ့က အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတရားရုံးအသီးသီးမှ သိရသည်။

“၁၅ ယောက်ကိုစွဲတာ၊ အဲဒီထဲမှ ယောကျ်ား ၁၁ ဦးနဲ့ မိန်းမ ၃ ဦးကို အမိန့်ချမှတ်တယ်။ ကလေး ၁ ဦးကို အုပ်ထိန်းသူတွေထံကို ပြန်အပ်လိုက်တယ်။ နောက် ၁ ဦးကျတော့ UEHRD ပါလို့ လွှတ်ပေးလိုက်တယ်” ဟု ဘူးသီးတောင်မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မောင်တောမြို့နယ်တွင်မူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုဗစ်ကာလအတွင်း တစ်ဘက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများကို အရေးယူရန် အစိုးရက ညွှန်ကြားသဖြင့် ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးတင့်ထွန်းက DMG သို့ ပြောသည်။

“ဒီလိုချမှတ်လိုက်တဲ့အတွက် နောက်ထပ်ဝင်ရောက်လာသူတွေ မရှိသလောက်ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ဇူလိုင် ၂ ရက်နေ့နှင့် ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးအား မောင်တောမြို့နယ်တရားရုံးက လဝကဥပဒေ ၁၃(၁)ဖြင့် ထောင် ၆ လ ချမှတ်ခဲ့သည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...