ကစ္ဆပနဒီတံတားအနီးဖမ်းဆီးခဲ့သူသုံးဦးကို အကြမ်းဖက်မှုဖြင့် အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်

ကစ္ဆပနဒီတံတားအနီးဖမ်းဆီးခဲ့သူသုံးဦးကို အကြမ်းဖက်မှုဖြင့် အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်

အောင်ထိန် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံသုံးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါမြို့နယ်ရှိ ကစ္ဆပနဒီတံတားအနီး၌ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ လမ်းလျှောက်လာသူတစ်ဦးအပြင် ကျောက်တော်မြို့မှ ဈေးဝယ်၍ မြောက်ဦးဘက်သို့ ဆိုင်ကယ်ဖြင့်လာသူနှစ်ဦး စုစုပေါင်းသုံးဦးအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။

၎င်းတို့သုံးဦးမှာ အေအေနှင့်ပတ်သက်ဆက်နွယ်မှုရှိသူ နှစ်ဦးနှင့် အေအေတပ်သားအဆင့်ရှိသူ တစ်ဦးတို့ ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ယင်းသို့ ဖမ်းဆီးခံရသူ သုံးဦးတွင် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာမှ ကိုမောင်မောင်ဌေး (၁၉)နှစ်နှင့် ပိန္နဲချောင်းကျေးရွာမှ ကိုရဲထွန်း(၂၄)နှစ်၊ နေမျိုးထွန်း(၂၀)နှစ်တို့ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ရဲထွန်းမှာ မျက်လုံးတွေနီရဲနေတယ်။ နေမျိုးထွန်းမှာတော့ အပြင်ကဒဏ်ရာမမြင်ရဘူး။ ရင်ဘက်တွေ အောင့်တယ်လို့ပြောတယ်။ အဲဒါကြောင့် သူတို့ကိုဆေးခန်းပြဖို့ ရဲစခန်းမှာစာတင်ထားတယ်” ဟု ဖမ်းဆီးခံထား ရသူ ကိုရဲထွန်း၏အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းနုက ပြောသည်။

လက်ရှိအချိန်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူသုံးဦးကို ကျောက်တော်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး လာမည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရုံးထုတ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များက ဆိုကြသည်။

၎င်းတို့သုံးဦးအား ဇူလိုင်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသော်လည်း မိသားစုဝင်များကမူ ၎င်းတို့သုံးဦးမှာ ဇူလိုင်လ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့သည့် ကျောက်တော်မြို့၊ အပေါက်ဝကျေးရွာသားနှစ်ဦးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူကာ ကျန်တစ်ဦးကို ပို့ကုန်/သွင်းကုန်အက်ဥပဒေနှင့် အရေးယူ သွားမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...