အပစ်ရပ်အဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းသည် စိုးရိမ်ရမည့်အခြေအနေမဟုတ်ဟုဆို

အပစ်ရပ်အဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းသည် စိုးရိမ်ရမည့်အခြေအနေမဟုတ်ဟုဆို

မင်းထွန်း — တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များ ကြားတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်းသည် အထူးစိုးရိမ်နေရမည့် အခြေအနေမဟုတ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဇိုးက ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၉)ကြိမ်မြောက် အစည်းအဝေး၌ ယင်းကဲ့သို့ပြောဆို ခဲ့သည်။

“NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်တွေကြား တိုက်ပွဲတွေဖြစ်ပေါ်နေတာဟာ အထူးစိုးရိမ်ရမယ့် အခြေအနေမဟုတ်ပေမယ့် JMC ရဲ့ တာဝန်ရှိတဲ့လုပ်ငန်းတွေ ကောင်းစွာမလည်ပတ်နိုင်တာကို အထူး အလေးထား သတိထားရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများနှင့် တပ်မတော်တို့ကြားတွင် တွေ့ဆုံညှိနှိုင်းပြီး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို တိကျစွာ အချိန်ဇယားသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မပြုလုပ်နိုင်ခဲ့ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေရ ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်စောအိုင်းဇက်ဇိုးက ရှင်းပြသည်။

“နှစ်ဖက်လက်နက်ကိုင် တပ်တွေကြား ဦးစားပေးတွေ့ဆုံညှိနှိုင်းသဘောတူရမယ့် ကဏ္ဍတွေ ပျက်ကွက်နေတဲ့ အတွက်ဖြစ်သလို နှစ်ဖက်တပ်တွေ ပဋိပက္ခတွေမဖြစ်စေဖို့ စောင့်ကြည့်မယ့် အခင်းအကျင်းမရှိလို့ တစ်ဖက်နဲ့ တစ်ဖက် ပြစ်တင်ဝေဖန်ကန့်ကွက်ခြင်းတွေ ဖြစ်ပေါ်လာရတာ” ဟု ၎င်းကဆက်၍ ပြောသည်။

(၂)နှစ်ခန့်အကြာ မကျင်းပနိုင်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၉) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...