ထွန်းခိုင် — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာတွင် ပြီးခဲ့သော ဇူလိုင်လ (၂) ရက်နေ့က မြေပြိုမှုကြောင့် ရခိုင်လူမျိုး ၃၅ ဦး သေဆုံး ခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူ ကိုဌေးဝင်းက ပြောသည်။
သေဆုံးသွားသူများမှာ ပေါက်တောမြို့နယ်မှ ၁၇ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ မင်းပြားမြို့နယ်မှ ၆ ဦး၊ စစ်တွေမြို့နယ်မှ ၂ ဦး၊ ကျောက်တော်မြို့နယ်မှ ၇ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၁ ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
ပေါက်တောမြို့နယ် သေဆုံးသွားသူများမှာ ပေါက်တောမြို့မှ စိုးမြင့်ထွန်း (၂ဝ) နှစ်၊ ဟန်သိန်းမောင် (၃၃) နှစ်၊ မြင့်ကာရွာဟောင်းကျေးရွာမှ ကျော်ဝင်းဌေး (၂၁) နှစ်၊ နေလင်းအောင် (၂၁) နှစ်၊ ချော်ချောင်းကျေးရွာမှ အေးကိုကို (၂ဝ) နှစ်၊ တောင်ချောင်ကျေးရွာမှ ဇင်ကိုဦး (၂၁) နှစ်၊ မင်းသိုက်စိုး (၃ဝ) နှစ်၊ စောဟန်မောင် (ခ) လူမောင်ချေ ( ၂၄) နှစ်၊ မြောက်ပြင်ကျေးရွာမှ ကျော်လင်းထွန်း (ခ) ဝင်းမောင် (၃ဝ) နှစ်၊ ဆင်တက်မော် ကျေးရွာမှ မောင်ထွန်းလှ (၃၁) နှစ်၊ ကမ်းပိုင်ကြီးကျေးရွာမှ မောင်ဝင်းဌေး (၃၂) နှစ်၊ ကျောက်တောင်ကျေးရွာမှ မောင်ထွန်းဝင်း (၃၂) နှစ်၊ နတ်စာရင်းကျေးရွာမှ မောင်မောင်နိုင် (၃၇) နှင့် ဇော်လင်းစိုး (၂၅) နှစ်၊ ပေါက်တောမြို့ပန်းသီးရပ်ကွက်မှ အိုဗားမား (၂၈) နှစ်၊ သားချေဘု (၄၆) နှစ်နှင့် ပေါက်တောမြို့ ရပ်ကွက် (၃) မှ ကိုချေ (၂၆) နှစ်တို့ ဖြစ်ကြသည်။
နောက်ပြီး မြောက်ဦးမြို့နယ်၊ မော်ရွာသစ်ကျေးရွာမှ မင်းခန့်ကျော် (၂၂) နှစ်၊ မင်းပြားမြို့နယ်၊ ချောင်းရှည်ကျေးရွာမှ လှတင်ထွန်း (၂၉) နှစ်၊ မင်းအေးစိုး (၁၆) နှစ်၊ နိုင်ဝင်းဦး (၁၇) နှစ်၊ဆန်းအေးမောင် (၂၄) နှစ်၊ နိုင်နိုင်ချေ (၁၇) နှစ်၊ ဦးဝင်းလှိုင် (ခ ) ဦးသန်းလှိုင် (၄ဝ) နှစ်တို့ဖြစ်ကြသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ မောင်မျိုးဇော် (၂၉) နှစ်၊ မျိုးကျော်သူ (၂၄) နှစ်၊ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ရွှေထွန်းဝင်း (၄၅) နှစ်၊ ထွန်းထွန်းအေး (၃၇) နှစ်နှင့် နေပူခံကျေးရွာမှ မောင်စိန်လှ ( ၃၆) နှစ်၊ ညီချေလင်း ( ၁၈) နှစ်နှင့် အုတ်ကြွပ်ကျေးရွာမှ ထွန်းစောသန်း (၂၈) နှစ်၊ ကျောက်ဂူစုကျေးရွာမှ အောင်ကျော်ဌေး (၂၂) နှစ်၊ ဆားချောင်းကျေးရွာမှ ဝေလင်း ( ၂၂) နှစ်တို့ဖြစ်ကြသည်။
ကျောက်ဖြူမြို့နယ်၊ သံချောင်းကျေးရွာမှ ကျော်အောင်ခင် (၃၄) နှစ်နှင့် ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာမှ မောင်သိန်းဝင်း (ခ) အနော်ရထာ (၃၁) နှစ် ဖြစ်ကြသည်။
မြေပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ ရခိုင်လူမျိုး ၁၇ ယောက်ရှိကြောင်းလည်း သိရှိရသည်။
မြေပြိုကျမှုကြောင့် သေဆုံးသူ လူဦးရေ ၁၇၂ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၅၄ ဦး ရှိကြောင့် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း ကျောက်စိန်းတူးဖော်ရေး လုပ်ကွက်ဟောင်းဖြစ်ပြီး မိုးရွာသွန်းမှုများသောကြောင့် ဇူလိုင် ၂ ရက်နေ့က မြေစာပုံများ ပြိုကျကာ ကျောက်ကွင်းထဲ၌ ကျောက်ရှာဖွေနေသူများ နွံနစ်ပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။







