ရခိုင်အရေးကို ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြသွားမည်

ရခိုင်အရေးကို ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြသွားမည်

မင်းထွန်း — ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းခြင်းရာများနှင့်ပတ်သတ်ပြီး စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ၌ တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် စောမြရာဇာလင်းက ပြောသည်။

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။

“ကျမတို့အနေနဲ့ အခွင့်အရေးရခဲ့ရင် စစ်ဘေးရှောင်တွေကိစ္စ၊ ရခိုင်မှာ အင်တာနက်ဖြတ်တောက်ထားတဲ့ကိစ္စတွေရှိမယ်။ ပြီးလို့ရှိရင် အခုမြေပြင်အနေအထားက အင်မတန်မှ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ကိစ္စတွေကို အချိန်ရရင် ရသလိုတင်ပြသွားမှာပါ”ဟု စောမြရာဇာလင်းက ပြောသည်။

သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရာတွင် ဆွေးနွေးမည့်ကဏ္ဍများမှာလည်း များနေသည့်အတွက် အနေအထားအပေါ်မူတည်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်၍ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိပြုလုပ်ခဲ့သည် အစိုးရနှင့် NCAS-EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် (၂၁)ရာစုပင်လုံညီလာခံကျင်းပမည့်ရက်ကို သဘောတူဆုံးဖြတ် ခဲ့သည်။

ယခင်ကျင်းပခဲ့သည့်ညီလာခံ၌ လူဦးရေ တစ်ထောင်ခန့် တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ၂၁ ရာစု ပင်လုံတွင် ကိုဗစ်ကပ်ရောဂါကြောင့် လူဦးရေသုံးရာခန့်သာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...